လွတ်ငြိမ်းမျှော်လင့်ချက်နဲ့ အကျဉ်းသား မိသားစုဝင်တွေ ထောင်ရှေ့မှာ လာစောင့်နေကြ

2022.01.04
လွတ်ငြိမ်းမျှော်လင့်ချက်နဲ့ အကျဉ်းသား မိသားစုဝင်တွေ ထောင်ရှေ့မှာ လာစောင့်နေကြ လွတ်ငြိမ်းသက်သာခွင့်နဲ ပြန်လွှတ်လာမယ့် အကျဉ်းသားများကို ၂၀၂၂ ဇန်နဝါရီ ၄ ရက်နေ့က အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်များက စောင့်ဆိုင်းနေကြစဉ်
Photo: RFA

ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့် ထုတ်ပြန်တာ မရှိသေးသလို အကျဉ်းထောင်ရှေ့တွေမှာ မိသားစုဝင်တွေလည်း စောင့်ဆိုင်းနေကြပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ရန်ကုန် အင်းစိန်ထောင်ထဲမှာ ထောင်ဒဏ်ချမှတ် ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှား သူတွေ၊ နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ပိုင်တံခွန်၊ လူမင်း စတဲ့သူတွေ ဒီနေ့ ပြန်လည်လွတ်မြောက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီနေ့လယ်ပိုင်းအထိ တစ်ဦးမှ ပြန်လွတ်လာတာ မရှိသေးသလို ဒီကနေ့ ပြန်လွတ်မလား ဆိုတာလည်း အတည် မပြုနိုင်သေးပါဘူး။

အရင်အစိုးရ အဆက်ဆက်တွေမှာ လွတ်လပ်ရေးနေ့ရောက်တိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာမို့ မိသားစုဝင်တွေကလည်း မျှော်လင့်ချက်နဲ့ ထောင်ရှေ့တွေမှာ လာရောက်စောင့်နေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ ဖမ်းဆီးခံထားရသူ ၈,၃၇၆ ဦးရှိ ပြီး အဲဒီထဲက ၅၀၇ ဦး ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။