ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှုတ်ထွက်ပေးရေး စစ်ကိုင်းမှာ တောင်းဆိုဆန္ဒပြ
2014.11.18

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းမြို့ မှာ ဒေသခံ ၂၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ အခုလိုတောင်းဆိုရတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ စစ်ကိုင်းမြို့ခံ ကိုသန်းထိုက်ဦး က ပြောပါတယ်။
"ဦးတင်အေးကို မဖြုတ်ချပဲနဲ့ ဆက်ပြီးတော့ ကော်မရှင်ဥက္ကဌ အနေနဲ့ ထားမယ်ဆိုရင်တော့ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ဆိုးကျိုးက ဘာတွေဖြစ်လာနိုင်မလဲဆိုတော့ သန့်ရှင်းမျှတမှုမရှိတဲ့ ဘက်လိုက်မှုတွေရှိနေ တဲ့ ရွေးကောက်ပွဲဖြစ်နေမှာပဲ"
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီး အများပြည်သူ ယုံကြည်လေးစားသူတွေနဲ့ ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပေးဖို့၊ ၂၀၁၅ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အချိန်မှာ ကျင်းပပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။
လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့မှာလည်း အလားတူဆန္ဒပြပွဲကို မုံရွာမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။