မြန်မာအစိုးရ၏လွတ်ငြိမ်းခွင့် ကုလ အထူးကိုယ်စားလှယ် စိတ်ပျက်

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားက သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

2011.05.17
quintana_aapp_305_Z မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)
(Photo: AAPP)

ကျနော့်အမြင်အရဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ဟာ ပြည့်စုံမှုမရှိဘူးလို့ ပြောရမှာပါ။ ပြီးတော့ စိတ်လည်း ပျက်မိပါတယ်။ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိနေတဲ့အထဲက ကျနော်ရတဲ့ သတင်းအရဆိုရင် ၂၇ ယောက်ပဲ လွတ်လာတာဟာ အချိုးအဆအရ ဆိုရင် အတော်ကို နည်းပါတယ်။ ပြီးတော့ စိတ်ပျက်မိတယ်ဆိုတာက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းပေးလိုတဲ့ ဆန္ဒအမှန်ကို အစိုးရသစ်ဆီမှာ မတွေ့ရဘူးလို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

မိမိအနေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး ပါဝင်ဖို့ တောင်းဆိုပါတယ်လို့လည်း မစ္စတာ ကင်တာနားက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။