ရခိုင်ပြည်နယ်အရေးနဲ့ နိုင်ငံတော်ရဲ့ ရှေ့အလားအလာဆွေးနွေးပွဲ


2017.12.19
rakhine-future-622.JPG ရခိုင်ပြည်နယ်အရေးနဲ့ နိုင်ငံတော်ရဲ့ရှေ့အလားအလာ ဆွေးနွေးပွဲကို ရန်ကုန်မြို့က Melia ဟိုတယ်မှာကျင်းပခဲ့စဉ်
Photo: Thant Zin Oo/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူလူထုရဲ့ ဆန္ဒကို လက်ရှိအစိုးရက အလေးထား စဉ်းစားမှု အားနည်းတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း က ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ Melia ဟိုတယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ နိုင်ငံတော်ရဲ့ ရှေ့အလားလာခေါင်းစဉ်နဲ့ ဆွေးနွေးပွဲအပြီးမှာ ဦးမောင်မောင်အုန်းက ပြောတာဖြစ်ပါတယ်။

"ရခိုင်ပြည်နယ်မှာ ကိုယ့်တို့အမြင်ပြောရရင်တော့ ရခိုင်လူထုရဲ့ဆန္ဒကို စဉ်းစားမှုကိုနည်းလို့ပေါ့၊ ဒီလိုပဲ ပွင့်ပွင့် လင်းလင်းပြောချင်တယ်၊ ဒီအတွက်ဘယ်လောက်ပဲလုပ်လုပ် အောင်မြင်ဖို့ခက်ပါတယ်၊ နိုင်ငံတကာနဲ့ အဆင်ပြေပေမယ့်လည်း ဒေသခံတွေနဲ့ အဆင်မပြေရင်တော့ သူတို့ရဲ့အကောင်အထည်ဖော်မှုက ဘယ်လို လုပ်သွားမလဲ၊ ဒီတော့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရက ဒီချိန်မှာတော့ ထဲထဲဝင်ဝင် ပြည်သူလူထု နဲ့ နိုင်ငံကို တည့်မတ်အောင်လုပ်သင့်တယ်လို့ ကိုယ်ဒီလိုပဲအကြံပြုပါရစေ"

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အဆင်မပြေ တာကြောင့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံတကာတပ်တွေ ဝင်ရောက်မယ့် အစီအစဉ်ဖြစ်တဲ့ R2P ကို အနီရောင်အဆင့် သတ်မှတ်ထားပြီး လုပ်ဆောင်နေတာဟာ နိုင်ငံအတွက် ကောင်းကျိုးမရှိဘူးလို့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဟောင်း ဒေါက်တာနေဇင်လတ် က ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးအကြံပေးလုပ်ခဲ့တဲ့ ဒေါက်တာနေဇင်လတ်၊ ဝန်ကြီးဟောင်း ဦးခင်ရီ၊ ဒေါက်တာအင်ဒရူး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း၊ အမျိုးသားနိုင် ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီက ဦးကျော်သူအောင် တို့က ဦးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။