သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ရခိုင်မှာ တစ်ထောင်နီးပါး ရှိနေ


2017.06.21
child-bp-620.jpeg ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဘဲရကုလားခေါင်းကျေးရွာမှာ မေလ ၈ ရက်နေ့က ကလေးတစ်ဦးကို ကျန်းမာရေးအဖွဲ့က သွေးပေါင် ချိန်ပေးနေစဉ်
Photo: San Lung FB

ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ တစ်ထောင်နီးပါးအထိတိုးလာနေပြီး သေဆုံးသူဦးရေ ဟာ ၁၂ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကထက် ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားတဲ့အရေအတွက်ဖြစ်တယ်လို့ ပြည်နယ် ကျန်းမာရေးဦးစီးဌာန က လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာစံကျော့ခိုင် ကပြောပါတယ်။

"ဒီနှစ်က မနှစ်ကထက်ပိုများတယ်ပေါ့နော်၊ မနှစ်က တနှစ်လုံးမှ ၅၅ဝ ကျော်ပဲရှိတယ်၊ ဇွန်မှာ ၁ဝဝဝ နီးပါးဖြစ်သွားပြီပေါ့၊ သွေးလွန်တုတ်ကွေးရောဂါ သဘောတရားအရ ၃ နှစ်တခါလောက် အဖြစ်များတယ်လေ၊ ၂ဝ၁၄ တုန်းကလည်း အဖြစ်များခဲ့တယ်၊ သုံးနှစ်တစ်ကြိမ် ဒီနှစ်လည်း အရမ်းအဖြစ်များတယ်လေ"

သေဆုံးသူတွေဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ အမ်းမြို့နယ်တွေကဖြစ်ပြီး အသက် ၁၅ နှစ်အထက်နှစ်ဦးနဲ့ ၁၅ နှစ်အောက် ၁၀ ဦးဖြစ် တယ်လို့သိရပါတယ်။

ဒီနှစ်အတွင်း ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတာဖြစ်ပြီး လတ်တလော မှာတော့ တောင်ကုတ်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ စစ်တွေ အဖြစ်များတယ်လို့လည်း ဒေါက်တာစံကျော့ခိုင် က ပြောပါတယ်။

ကျန်းမာရေးဦးစီးဌာနအနေနဲ့ လူထုကျန်းမာရေးပညာပေးတွေ၊ ဆွေးနွေးပွဲတွေ၊ ဆေးဖျန်းတာတွေ လုပ်ဆောင်နေ တယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။