ရခိုင်ပြည်နယ်မှာ MSF နဲ့ Malteser အန်ဂျီအိုတွေကို ခွင့်မပြုဖို့ ECC ဆုံးဖြတ်


2014.04.24
rakhine-ngo-305 မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့က ဖျက်ဆီးခံရတဲ့ စစ်တွေမြို့က INGO ရုံးခန်းတွေကို တွေ့ရစဉ်
photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးတွေအတွက်  Malteser International အဖွဲ့နဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို လုပ်ငန်းလုပ်ကိုင်ခွင့်မပြု ဖို့  ပြည်နယ်အဆင့် အရေးပေါ်ပူးပေါင်းဆောင် ရွက်ရေးစင်တာ ECC က ဆုံးဖြတ်လိုက်ပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မနေ့က ကျင်းပတဲ့အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့ တာ ဖြစ်တယ်လို့  ECC အဖွဲ့ဝင် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောပါတယ်။

"MSF ကတော့ ပြည်ထောင်စုအစိုးရကိုယ်တိုင်က ရခိုင်ပြည်နယ်ထဲမှာ လုပ်ငန်းဆောင်ရွက်ခွင့်ကို ယာယီရပ်စဲထားတဲ့အဖွဲ့ဖြစ်ပါတယ်၊ Malteser ဆိုတာကလည်း ၂၆၊၂၇ ပြဿနာရဲ့ အဓိက အဖွဲ့ အစည်းဖြစ်ပါတယ် အဲ့ဒါကြောင့် အဲ့ဒီအဖွဲ့နှစ်ဖွဲ့ဟာ ရခိုင်ပြည်ထဲမှာ အခုအချိန်မှာ လုပ်ငန်းဆောင်ရွက် ခွင့် ခွင့်မပြုနိုင်သေးဘူးလို့ ECC အဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်"

ပြီးခဲ့တဲ့လက စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကူညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေ တစ်လနီးပါးကြာအောင် ရပ်နားထားခဲ့ရပြီးနောက် လုပ်ငန်းတွေပြန်စဖို့အတွက် စုစုပေါင်းအဖွဲ့ ၂၃ ဖွဲ့အနက်က ၁ဝ ဖွဲ့ကျော်က ဝန်ထမ်းတွေ ဟာ စစ်တွေမြို့ နဲ့ မောင်တောမြို့ကို ဧပြီ ၂၂ ရက်နေ့က စတင်ရောက်ရှိနေတယ်လို့လည်း သိရပါ တယ်။

ရခိုင်ပြည်နယ်တွင်း တာဝန်ထမ်းဆောင်ကြမယ့် ဒီအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားကြောင်း သိရ ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်နယ်အဆင့် အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ ECC အဖွဲ့ဝင် စစ်တွေမြို့ခံ ဦးသန်းထွန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။