ရခိုင်အရေးအခင်း သေဆုံးသူ ၈၀ ခန့်ရှိကြောင်း ကုလပြော
2012.06.29
သေဆုံးသူတွေအပြင် ဒဏ်ရာရသူ အများအပြားနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၂,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ Martin Nesirky က ပြောပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေကြသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီ ပေးနေကြောင်းလည်း သူက ပြောပါတယ်။
အဲဒီ အကူအညီတွေထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က လူဦးရေ ကိုးသောင်းကျော်အတွက် စားနပ်ရိက္ခာ တန်ချိန် (၇၂၅) တန် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် WHO အဖွဲ့က ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ကူးစက်ရောဂါ ပျံ့ပွားမှု မရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။