ရခိုင်ရိုးရာသြင်္ကန်ပွဲတော် သင်္ကန်းကျွန်းမှာ ဖွင့်လှစ်


2014.04.13
rakhine-thangyan-305.jpg ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ် သုဝဏ္ဏအားကစားကွင်းမှာ ဧပြီလ ၁၃ ရက်နေ့က ရခိုင်ရိုးရာသြင်္ကန်ပွဲတော်ကို တွေ့ရစဉ်
photo: Win Naing/RFA

ရခိုင်တိုင်းရင်းသားတွေရဲ့ ၁၁ ကြိမ်မြောက် ရိုးရာသြင်္ကန်ပွဲတော်ကို ရန်ကုန်မြို့ သင်္ကန်းကျွန်းမြိုနယ်  သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ မွန်းလွဲ ၁ နာရီက စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ရခိုင်ရိုးရာသြင်္ကန် ကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက်တာစံလှအောင် က ပြောပါတယ်။

လောင်းလှေတွေနဲ့ ရေပက်ကစားကြတဲ့ ရခိုင်ရိုးရာ သြင်္ကန်ပွဲကို ရခိုင်ပြည်နယ်ကိုယ်စားပြု မဏ္ဍပ် ၁၁ခု၊ ရခိုင်လူမှုအဖွဲ့အစည်းတွေ ကိုယ်စားပြု မဏ္ဍပ် ၅ ခု စုစုပေါင်းမဏ္ဍပ် ၁၆ ခုနဲ့ ရေကစားကြပြီး ရခိုင်ရိုးရာစားသောက်ဆိုင် ၅၀ကျော်ကိုလည်း ဖွင့်လှစ်ရောင်းနေပါတယ်။ ဒီနေ့ဖွင့်ပွဲအခမ်းအနားကို ရခိုင်တိုင်းရင်းသား တစ်သောင်းနီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။