ငါးနှစ်ကြာပိတ်ထားတဲ့လမ်း များ မြစ်ကြီးနားမြို့မှာ ပြန်ဖွင့်
2016.04.03

လုံခြုံရေးအရ ငါးနှစ်ကြာပိတ်ထားတဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အိမ်ယာထဲက လမ်းတချို့ကို အများပြည်သူသွား လာနိုင်အောင် မနေ့ကစတင် ဖွင့်လှစ်လိုက်ပါတယ်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ သီတာရပ် ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး က ပြောပါတယ်။
"ကျနော်တို့ဒီ ဇော်ဂျွန်းလမ်းကြီးဖွင့်လိုက်မယ်ဆိုရင်တော့ ကျနော်တို့ဘုရားဖူးတွေရော၊ ဟိုတယ်မှာ လာရောက်တည်းခိုသူတွေရော၊ မနက်ပိုင်းလမ်းလျှောက်မယ့် သူတွေရော၊ ကျန်းမာရေးအတွက်ရော၊ ဘာသာရေးအတွက်ရော ရှုထောင့်မျိုးစုံကနေ၊ လမ်းပန်းဆက်သွယ်ရေးရောအရမ်းကောင်းသွားမှာပါ၊ အခုလောလော ဆယ်တော့ ပြည်သူလူထုအနေနဲ့ ဆိုင်ကယ်နဲ့သွားလာနေတာ၊ ကားနဲ့သွားလာနေ တာ တွေ့ရပါတယ်၊ ဇော်ဂျွမ်းလမ်းရယ်၊ ကျနော်တို့ ဘုရင့်နောင်လမ်းရယ်၊ ရုံးကြီးလမ်းရယ်၊ ဆမားလမ်း ရယ်၊ ၃ လမ်းကိုခွင့်ပြုထားပါတယ်"
ပြီးခဲ့တဲ့ ကချင်ပြည်နယ် အစိုးရသက်တမ်းအတွင်း အဲ့ဒီလမ်းတွေကို လုံခြုံရေးအရ အများပြည်သူတွေ ဖြတ်သန်းသွား လာခြင်းမပြုဖို့ ကန့်သတ်ထားတာဖြစ် ပါတယ်။ အခု မနက် ၇ နာရီ ကနေ ညနေ ၆ နာရီအထိ အများပြည်သူကို သွားလာခွင့်ပြုလိုက်တာဖြစ်ပါတယ်။
မြစ်ကြီးနားမြို့မှာ ကမ်းနားလမ်း၊ ဇော်ဂျွန်းလမ်း၊ အောင်ဆန်းလမ်း၊ သခင်နက်ဖေလမ်း စတဲ့ တောင် နဲ့ မြောက် ဖောက်လုပ်ထားတဲ့ လမ်းတွေနဲ့ ဘရင့်နောင်၊ ရုံးကြီး၊ ဆမား စတဲ့လမ်းတွေဟာ အရှေ့နဲ့ အနောက် ဖောက်လုပ်ထားတဲ့ အဓိကလမ်းတွေဖြစ်ပါတယ်။
ကချင်ပြည်နယ်အစိုးရ အဖွဲ့အိမ်ယာတွေဟာ သီတာရပ်ကွက် နဲ့ ဧရာရပ်ကွက်ထဲမှာတည်ရှိတာဖြစ်ပါတယ်။