ရှမ်းနီပါတီရုံး မိုင်းခွဲခံရ
2016.05.13

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာရှိတဲ့ တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ မြို့နယ်ရုံးဟာ မနေ့မနက် အစောပိုင်း လေးနာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ ရပါတယ်။
ပါတီရုံးအဆောက်အဦးနဲ့ အနီးပတ်ဝန်းကျင်က ကား ၆ စီးပျက်စီးခဲ့တယ်လို့ ဖားကန့်မြို့နယ် တိုင်းလိုင် ( ရှမ်းနီ ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးစိမ်းညွှန့်သောင်းက ပြော ပါတယ်။
"ကွန်ကရစ်တိုင်တစ်တိုင်တော့ တော်တော်စုတ်ပြတ်သွားတယ်ပေါ့နော်၊ ပါတီရုံးဆိုင်းဘုတ်ရဲ့ဘေးနားမှာ ကားဝပ်ရှော့ရှိတယ်လေ၊ ကား ၂ စီး ဘော်ဒီတွေ မှာသံစတွေထိမှန်သွားတယ်၊ မျက်နှာချင်းဆိုင်က ကား ၄ စီး ပျက်စီးသွားတယ်ပေါ့ဗျာ၊ ပြည်သူလူထုတွေ အထိန့်တလန့်ဖြစ်အောင် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် မလုပ် ခိုင်းစေချင်ဘူးပေါ့ဗျာ၊ ကျနော်တို့ အများပြည်သူလည်းထိန့်လန့်ရတယ်၊ ကျနော်တို့ နိုင်ငံရေးပါတီရုံး ကိုလည်း ပြည်သူလူထုဘဝတွေ မလုံခြုံဘူးဆိုတာ သူတို့က မီးမောင်းထိုးတာလေ"
ဖားကန့်မြို့နယ်မှာ အခုရက်ပိုင်းအတွင်းဆက်တိုက်ဆိုသလို ပေါက်ကွဲမှုတွေဖြစ်ပွားနေပေမဲ့ အဲ့ဒီလို ဖောက်ခွဲနေ သူတွေကို အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက အခုချိန်ထိ ဖမ်း ဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကစပြီး ဒီကနေ့ အကြိမ် နှစ်ဆယ်နီးပါး ပေါက်ကွဲမှုဖြစ် ပွားခဲ့လို့ ဆိပ်မူကျေးရွာက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် တစ်ချို့ပျက်စီးခဲ့ပါတယ်။