ဖားကန့်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့လှူဒါန်း
2013.02.06

Photo:RFA/Kyaw Myo Min
ဖားကန့်မြို့နယ်အတွင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၇၄ အတွက် အဝတ်အထည်၊စောင် စတဲ့ မိသားစု သုံးပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပစ္စည်းတွေကို ဆယ်ဘီးကား ၃ စီးနဲ့ သယ်ယူသွားနိုင်ဖို့အတွက် လမ်းခရီးလုံခြုံရေးကိုတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) တို့က အကူအညီပေးခဲ့တာလို့ ကြက်ခြေနီအဖွဲ့က ဦးဂဲနက်(စ်) က ပြောပါတယ်။
ကချင်ပြည်နယ် ကြက်ခြေနီအဖွဲ့ရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ စာရင်းတွေအရ ဖားကန့်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လာရောက် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၇၀၀ ကျော်နဲ့ လူဦးရေစုစုပေါင်း ၇ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။