ဒုက္ခသည် မူဝါဒတွေ ပြင်ဆင် ဖို့ မြန်မာနဲ့ ထိုင်းကို HRW တိုက်တွန်း


2015.05.25
rohingya-refugees-boat-305.jpg ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်တို့ မေလ ၂၃ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှာ လှေစီးဒုက္ခသည်တွေနဲ့ တွေ့ဆုံ ကြစဉ်။
Photo: Min Thein Aung/ RFA

အရှေ့တောင်အာရှ ဒေသတွင်းမှာ လှေစီးဒုက္ခ သည်တွေအရေးနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းခိုလှုံသူများ ဆိုင်ရာ မူဝါဒတွေကို တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ကြဖို့ HRW လူ့အခွင့်အရေးအဖွဲ့ က မြန်မာနဲ့ ထိုင်း နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

အခုအခါ လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေ လှေတစ်စီးထဲမှာ ရောထွေးတွေ့ရှိနေရပြီး၊ အရေအတွက် အမှန်ကို သိရဖို့ခက်ခဲကြောင်း၊ အရပ် ဘက်အဖွဲ့အစည်းတွေကတော့ နှစ်ဖက် အရေအတွက် ဆတူလောက်ရှိမယ်လို့ခန့်မှန်းကြကြောင်း HRW က ပြောပါတယ်။

ဒါပေမဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က တော့ ရွှေ့ပြောင်းလှေစီး ဒုက္ခသည်အများစု ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာသူတွေဖြစ်တယ်လို့ ယုံကြည်ရကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောဆိုတယ်လို့ သတင်းဌာနတစ်ခုကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။