ဘာသာရေးနဲ့ လူဦးရေထိန်းချုပ်မှု ဥပဒေပြဌန်းရေး ကော်မရှင်ဖွဲ့


2014.03.07
utheinsein-305 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူလူထုကို လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားနေစဉ်
photo: Myanmar President Office Website

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေ ၂ ရပ် ပြဋ္ဌာန်းရေးအတွက် ဥပဒေကြမ်းရေး ဆွဲရေးကော်မရှင်ကို သမ္မတ ဦးသိန်းစိန်က မနေ့က မတ်လ ၇ ရက်နေ့စွဲနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီကော်မရှင်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥက္ကဌ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က အတွင်းရေးမှူး အဖြစ်နဲ့ တာဝန်ယူရမှာဖြစ်ပြီး စုစုပေါင်း လူပုဂ္ဂိုလ် ၁၂ ဦးနဲ့ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သမ္မတရုံးရဲ့ ကြေညာချက်မှာ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေအတွက် လိုအပ်တဲ့ဘဏ္ဍာငွေကို သမ္မတရုံးက ကုန်ကျခံမယ်လို့ဆိုပါတယ်။

ဒီဥပဒေမူကြမ်း ၂ ရပ်ကို လာမယ့် ဇွန်လကုန်မှာ သမ္မတဆီတင်ပြရမယ်လို့လည်း ကာလသတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။