ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၂၅ သန်း ကမ္ဘာ့ဘဏ် ထောက်ပံ့
2018.09.21

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် လူငယ်နဲ့ ကလေးသူငယ် ၃ သိန်းခွဲရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပညာသင်ကြားရေးအတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း ထပ်မံထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က သောကြာနေ့ မနေ့က အတည်ပြုလိုက်ပါတယ်။
အဲဒီ ငွေထဲမှာ ကနေဒါနိုင်ငံက လှူဒါန်းငွေ ဒေါ်လာ ၄ သန်းလည်း ပါဝင်ပါတယ်။ အခု ထောက်ပံ့ငွေနဲ့ စာသင်ကျောင်း ၁ဝဝဝ အသစ်ဆောက်လုပ်ပြီး ရှိပြီးသားကျောင်း ၅ဝဝ ကိုတိုးချဲ့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းဆရာ ၂ဝဝဝ ခန့်ကို သင်တန်းပေးခန့်အပ်မယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ မွတ်စလင်ဒုက္ခသည်တွေအတွက် ကမ္ဘာ့ဘဏ်က စုစုပေါင်း ကန် ဒေါ်လာ သန်း ၄၈ဝ ထောက်ပံ့ဖို့ ကတိပြုထားပါတယ်။