စစ်တွေထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော် အိမ်ပြန်ခွင့်ရ

RFA Burmese
2024.04.24
စစ်တွေထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော် အိမ်ပြန်ခွင့်ရ စစ်တွေအကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ နေရပ်ပြန်ရေး လွှဲပြောင်းပေးနေသည်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
BSS News

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို စစ်ကောင်စီက နေရပ်ပြန်ပို့တော့မယ်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကပြောကြောင်း ဘင်္ဂလားဒေ့ရှ် သတင်း BSS က ဧပြီလ ၂၃ ရက်နေ့မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ခေါ်ယူဖို့ လာမယ့် စစ်ကောင်စီရေတပ်သင်္ဘာတစ်စင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ခေါ် ဆောင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီရေတပ်သင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်ကို ဧပြီလ ၂၄ ရက် ဒီနေ့ရောက်နိုင်တယ်လို့လည်း BSS က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က နယ်စပ်ဖြတ်ကျော်ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈၅ ဦးနဲ့ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ လဲလှယ်မယ်လို့ ဧပြီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ကလည်း နှစ်နိုင်ငံအာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၉ ဦးကို စစ်ကောင်စီက နေရပ်ပြန်ပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။