ကျူးကျော်နေအိမ် မီးရှို့ သူတွေ ဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆို


2016.04.10

ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်တိုက် နယ် ဝါးဒက်ကွင်းကျေးရွာက ကျူးကျော်နေထိုင်သူ ၁၀၀ ကျော်ဟာ မီးရှို့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ သူတို့ကို နေရာချထား ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

သိမ်ဇရပ်တိုက်နယ်က စစ်တောင်းစက္ကူစက်ရုံရှေ့ကနေ သိမ်ဇရပ်ဈေးအထိ လမ်းလျှောက် ဆန္ဒပြပြီး တောင်းဆိုခဲ့ ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ မအညာသူက ပြောပါတယ်။

"စစ်တောင်းစက္ကူစက် အမှတ် ၁ ဂိတ်ရှေ့ကနေပြီးတော့ သိမ်ဇရပ်ဈေးခန်းမရှေ့မှာ ကျင်းပတယ်၊ ကျမတို့အိမ်ခြေပေါင်း ၆၅၀ ကိုဖျက်ဆီးခဲ့တဲ့ တရားခံတွေကို ဖမ်းမပေးတာရယ်၊ ရုံးတင်ပြီးတော့ တရားစွဲထားတဲ့အမှုကို ရုံးကတင်မပေးတာရယ်၊ အဲ့ကိစ္စတွေရဲ့ဆန္ဒဖော်ထုတ်ပွဲကို ခွင့်ပြုချက်တင်လိုက်တာပေါ့နော်"

ပြီးခဲ့တဲ့နှစ် ဇွန်လကစတင်ပြီး ဝါးဒက်ကွင်းကျေးရွာက မြေ ဧက ၁၀၀ နီးပါးမှာ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့ ကနေ ပြောင်းရွှေ့လာသူတွေဟာ တဲအလုံးရေ ၆၀၀ ကျော်နဲ့ နေထိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတဲအိမ်တွေကို ဒီနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်က အင်အားသုံးဖယ်ရှားခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။ နေအိမ်ဖျက်ဆီးခံရသူအများစုဟာ ဝါးဒက်ကွင်းကျေးရွာက ဓမ္မသိဒ္ဓိဘုန်းကြီးကျောင်းမှာ နေထိုင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။