မြန်မာအစိုးရသတင်းစာ ဖော်ပြချက်ကို SSA တောင်ပိုင်း ငြင်းဆို
2011.04.16

Map by Shan Human Rights Foundation
ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်က ကာလီမြို့နယ်ခွဲမှာ အခုလ (၄) ရက်နဲ့ (၁၂) ရက်နေ့တွေက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးကာ ကိုရင်တပါး အပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နာမည်တွေနဲ့ တကွ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး SSA တောင်ပိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင် ကို မေးမြန်းရာမှာ သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘဲ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ရှမ်းအမျိုးသမီးများအဖွဲ့ အပါအဝင် အဖွဲ့ (၆) ဖွဲ့ စုစည်းထားတဲ့ ရှမ်းလူမှုအသိုင်းအဝိုင်း အခြေပြု အဖွဲ့ကလည်း SSA ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို တိုက်ခိုက်နေတဲ့ မြန်မာအစိုးရ တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အခုလ (၁၂) ရက်နေ့က သတင်းထုတ်ပြန်ပြီး ပြစ်တင် ကန့်ကွက်ခဲ့ပါတယ်။