သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-28
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ပခုက္ကူ - ချောင်းဦးကားလမ်းမကြီးပေါ်မှာရှိတဲ့ မန်ကျည်းဘုတ်ရွာက နေအိမ် နှစ်လုံးနဲ့ မန်ကျည်းခွရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၈ ရက် မနေ့နေ့လယ် ၂ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း လောစ့်အိန်ဂျယ်လစ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပတဲ့ အဆိုတော် ဆောင်းဦးလှိုင်ရဲ့ မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေး ရန်ပုံငွေပွဲကနေ အလှူငွေ စုစုပေါင်း ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ပန်းချီကား၊ ပန်းပုလက်ရာစသဖြင့် မြန်မာပြည်ချစ်သူတွေ လှူဒါန်းကြတဲ့ အမှတ်တရပစ္စည်းတွေကိုလည်း လေလံတင်ရောင်းချခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတချပ်တည်း ကနေ ဒေါ်လာ ၁ သောင်း ၇ ထောင်ရရှိခဲ့ပါတယ်။
2021-09-28
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုတွေကို စစ်တင်ဘာ ၂၈ ရက် ဒီနေ့မှာ နေပြည်တော်က သီးသန့်အထူးတရားရုံးမှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2021-09-28
မြန်မာနိုင်ငံက လူဦးရေသုံးသန်းဟာ လူသားချင်းစာနာမှုအကူအညီနဲ့ အကာ အကွယ်ပေးရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2021-09-28
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး ဆက်တိုက်ကျဆင်း လာပြီး စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်စျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိ စံချိန်တင် မြင့်တက်သွားပါတယ်။
2021-09-28
ရှမ်းပြည်နယ် (မြောက်ပိုင်း) တရုတ်နယ်စပ်အနားက မုံးကိုးဒေသမှာ စစ်ကောင်စီ တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) က စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-09-28
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြလို့ဆိုပြီး ဖမ်းဆီးတရားစွဲခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနဲ့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ ကိုအောင်စိုးမင်းတို့ကို ဂွမြို့နယ် တရားရုံးကနေ စက်တင် ဘာလ ၂၇ ရက်နေ မနေ့မှာ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။
2021-09-28
မန္တလေးတိုင်း၊ တောင်သာမြို့နယ် စံဦးရွာက ဒေသခံခုနစ်ဦးကို စစ်ကောင်စီတပ် သားတွေက စက်တင်ဘာလ ၂၆ ရက်နေ့မှာဖမ်းဆီးသွားခဲ့ပြီး ၃ ရက်မြောက်တဲ့ ဒီနေ့ချိန်အထိ အဆက်သွယ်မရဘူးလို့ ဒေသခံက ပြောပါတယ်။
2021-09-28
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့ သရက်ပင်စုရွာက အသက် ၄၅ နှစ်အရွယ် ဦးဝင်းသူရဟာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲချိန်ခန့်မှာ သရက်ပင်စုရွာနဲ့ အင်းပတ်ရွာကြား ခင်ဦး - ရေဦး လမ်းမပေါ်မှာ သေနတ်ဒဏ် ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ပန်းရံရွာသားတစ်ဦး ပြီးခဲ့တဲ့အပတ်က စစ်ကောင်စီ တပ်သားတွေ ရွာထဲ ၀င်ရောက်ပစ်ခတ်ချိန်မှာပဲ ပစ်သတ်ခံခဲ့ရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာမှ အလောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-28
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ် ဆူလေးရှန်ဂရီလာ ဟိုတယ်အနီးက စစ်ကောင်စီလက်အောက်ခံ ကျောက်တံတားမြို့နယ်ရဲစခန်းမှာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၇ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါ တယ်။
2021-09-27
နိုင်ငံတစ်ဝန်းမှာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အချိန် ငါးလကြာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဆက်လက်ရပ်စဲသွားမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက် မနေ့က ကြေညာပါတယ်။
2021-09-27
ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၆ ကြိမ်မြောက် အစည်းအဝေးရဲ့ နောက်ဆုံးနေ့ကို မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပပြီးစီးခဲ့ရာမှာ၊ နိုင်ငံခေါင်း ဆောင်အချို့နဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်မိန့်ခွန်းပြောခဲ့ကြပေမယ့် မြန်မာနိုင်ငံကိုယ် စားပြု မိန့်ခွန်းပြောကြားမယ့်သူ မရှိခဲ့ပါဘူး။
2021-09-27
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူပိုင်ဆိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီအုပ်စုကို နိုင်ငံတကာအနေနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ကြဖို့ Justice for Myanmar (JFM) အဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ထပ်မံတိုက်တွန်း လိုက်ပါတယ်။
2021-09-27
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့ကြတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ရဲဝန်ထမ်း ကိုဇော်မျိုး ထွဋ် (ခ) ဖက်တီး အပါအဝင် ကိုသိန်းထိုက်အောင်နဲ့ ဒေသခံ ဦးကျော်ဌေး တို့ သုံးဦး ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါ တယ်။