သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-31
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ရဲ့ ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေ သခေါင်းဆောင် ဦးမင်းဌေးကို မတရားအသင်းပုဒ်မ ၁၇(၁) နဲ့ ကချင်ပြည်နယ် မိုးမောက်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အဖွဲ့ကတော့ အတည်မပြုပါဘူး။
2016-12-31
မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီဝင်အသစ်တွေကို လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ခန့်အပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက ပြောပါတယ်။
2016-12-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက် ပြီး ပါတီရဲ့ ဗဟိုတိုင်ကြားရေးဌာနထံ တိုင် ကြားစာ ၁၀၀ ကျော် လက်ခံရရှိထားပြီး အဲဒီထဲမှာ ရန်ကုန်၊ ဧရာဝတီ၊ မကွေး စစ်ကိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို အများဆုံး တိုင်ကြားကြ တယ်လို့ ဌာနတာဝန်ခံ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
2016-12-31
အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေသခံမဟုတ် တဲ့ မူလတန်းပြဆရာမ ၁၈၀ ကျော်ကို သူတို့ရဲ့ ဇာတိမြို့ ရွာတွေကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ဖို့ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
2016-12-31
ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် နဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ ပန်ဆန်းမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင် စိုးက ပြောပါတယ်။
2016-12-31
အင်ဒိုနီးရှားအစိုးရက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်တွေ အတွက် ထောက်ပံရေးပစ္စည်းကုန်သတ္တာ ၁ဝ လုံး ပေးပို့ လိုက်တာကို ကျေးဇူးတင်ရှိပါကြောင်း အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ထွန်းက ဂျာကာတာမြို့မှာမနေ့က ထုတ်ဖေါ်ပြောကြားပါတယ်။
2016-12-30
မလေးရှားနိုင်ငံ အစ္စလာမ်ဘာသာဝင် အဖွဲ့များဆိုင်ရာ အတိုင်ပင်ခံကောင်စီ-Malaysian Consultative Council of Islamic Organizations (MCCIO)အတွင်းရေးမှူးချုပ် Zainol ဇေနိုလ် က ရခိုင်ပြည်နယ် ကို စေလွတ်မယ့် အရေးပေါ်ထောက်ပံ့ရေးသင်္ဘောအုပ်စုကို မြန်မာပြည်ဝင်ခွင့်ပြုဖို့အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို လျှောက် ထားခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ သံရုံးက အခုအချိန် ထိ ပြန်ကြားခြင်းမရှိကြောင်း မနေ့က ပြောပါတယ်။
2016-12-30
မလေးရှားနိုင်ငံ အစ္စလာမ်မစ်အဖွဲ့ အစည်းများ အတိုင်ပင်ခံကောင်စီ ရဲ့ ထောက်ပံ့ရေးရေယာဉ်တွေ ရခိုင်ဒေသကို စေလွှတ် မယ်ဆိုတာဟာ မြန်မာနိုင်ငံကို စော်ကားတာဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ပြောပါတယ်။
2016-12-30
နိုင်ငံသားစိစစ်ရေး ကဒ်ပြားလျှောက်ထား သူတွေကို မှတ်ပုံတင်ထုတ်ပေးနေရာမှာ မွတ်စလင်တွေနဲ့ သွေးနှောထားသူတွေကို ထုတ်ပေးမှာ စိုးတဲ့အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ရဲ့ အတွင်းရေးမှူး က ပြောပါတယ်။
2016-12-30
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက လာမယ့်နှစ် ဇန်နဝါရီလ ဒုတိယပတ် အတွင်းမှာ ရန်ကုန်တိုင်းအတွင်း ကျန်ရှိနေတဲ့ မြို့နယ် ၆ ခုက တရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို ကွင်းဆင်းလေ့ လာသွားမယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
2016-12-30
Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင် က သတင်းစာမှာ တရားဝင် တောင်းပန်လိုက်တာဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေ မကောင်းတာကြောင့်အပြင် လက်ရှိအစိုးရဟာ ကိုယ်တိုင်ချစ်လို့ တင်ထားတဲ့ အစိုး ရဖြစ်တာကြောင့် အဲဒီလို တောင်းပန်တာဖြစ်တယ် လို့ ပြောပါတယ်။
2016-12-30
ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည် နယ် မြဝတီမြို့နယ်က စက်သုံးဆီဆိုင်တွေ ကို ဖောက်ခွဲမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မြဝတီမြိုကနယ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပါတယ်။
2016-12-30
မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၅ သောင်းရှိတယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသာ ပတေးနေ့က ပြောဆိုလိုက်ပါတယ်။
2016-12-30
ဥရောပအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း ၁၁ ခုက မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အတွက် လုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် သီးသန့်ဒေသ Safe Zone တစ်ခု ထူထောင်ပေးရေးအတွက် ပါဝင်ကူညီကြဖို့ တိုက်တွန်းတဲ့စာတစ်စောင်ကို မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
2016-12-29
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ လူနည်းစုတွေကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ဝေဖန်လိုက်ပါတယ်။