သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-31
မတ္တရာမြို့နယ်၊ ရှမ်းမြောင်းရွာက ဒေသခံ ခြောက်ဦးကို ဒီဇင်ဘာလ ၃၀ ရက်မနေ့ည ဆယ်နာရီခန့်မှာ စစ်ကောင်စီ တပ်သားတွေ ပစ်သတ်သွားခဲ့ပါတယ်။
2023-12-31
ကျိုက်ထိုမြို့နယ် ဝင်းပြန်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် မိန်းကလေးတစ်ဦး သေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-12-31
မတ္တရာမြို့နယ် အနောက်ခြမ်းက ဥဒိန်ရွာထဲကို အင်အား တစ်ရာကျော်ပါစစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ်ငါးဆယ်ခန့် မီးလောင်ခဲ့ပြီး ဥဒိန်ရွာ အပါအဝင် အနီးအနားရွာတွေက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။
2023-12-31
ရန်ကုန်တိုင်း၊ အင်းစိန် အကျဥ်းထောင်နဲ့ ဧရာဝတီတိုင်း၊ ပုသိမ် အကျဉ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသားနှစ်ဦး အချိန်မီ ဆေးကုသခွင့် မရခဲ့တာကြောင့် သေဆုံးသွားပါတယ်။
2023-12-31
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား ရှစ်ဆယ်ကျော် အိန္ဒိယနိုင်ငံဘက်အခြမ်း၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးသွားပါတယ်။
2023-12-31
NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ဘက်ကို ဝန်းသိုအခြေစိုက် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃၀ ရက်ညပိုင်း လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံလေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
2023-12-30
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကနေ ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေ အမြန်ဆုံးထွက်ခွာကြဖို့ ရှမ်းပြည်နယ် အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
2023-12-30
လောင်းလုံးမြို့နယ် စစ်ပြဲရွာကို စစ်ကောင်စီ တပ်သားတွေ စီးနင်းပြီး ရွာခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။
2023-12-30
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ တိုက်ပွဲနှစ်လအတွင်း ကလေး ၂၈ ဦး အပါအဝင် အရပ်သားပြည်သူ ၁၂၃ ဦးထိ သေဆုံးခဲ့ရပြီး အများစုဟာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုဗုံးကြဲခြင်းကြောင့် ဖြစ်ပါတယ်။
2023-12-30
မာန်အောင်မြို့နယ်ကနေ တောင်ကုတ်မြို့ကို ဆေးလာကုတဲ့ ဒေသခံ လူနာနဲ့ လူနာစောင့် တစ်ရာကျော် နေရပ်ပြန်ခွင့်မရသေးဘူးလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2023-12-30
ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကြေညာပါတယ်။
2023-12-30
မဲခေါင်သတင်းအေဂျင်စီကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။
2023-12-29
နမ္မတူမြို့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ငါးရက်အတွင်း နမ္မတူဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
2023-12-29
ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအခြေစိုက်ရာ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းကို AA တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
2023-12-29
ဖယ်ခုံမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းကုန်းနှစ်ခုကို တိုက်ခိုက်သိမ်းယူပြီး ဖယ်ခုံမြို့ အဝင်၊ အထွက် နေရာတွေကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ် အင်အားစုများအဖွဲ့က ထုတ်ပြန်ပါတယ်။