သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-27
စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ KIA၊ ဒေသကာကွယ်ရေး တပ်တို့အကြား တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်း တိုက် ခိုက်မှု လုပ်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးက ဒေသခံတွေကို စစ်တပ်က ဘေးလွတ်ရာကို တိမ်းရှောင်ခိုင်း နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
2021-09-27
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုထဲမှာ စက်တင်ဘာ လ ၂၆ ရက် မနေ့ မနက်ကနေ ၂၇ နေ့ ဒီနေ့ နံနက်အစောပိုင်းအထိ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေး အဖွဲ့ဘက်က လူငယ်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
2021-09-27
မနေ့က ရုံးချိန်းမှာတော့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ သူ့ရဲ့သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့ဆီမှာ ကြိုးမဲ့စကားပြောစက်တွေနဲ့ Jammer လို့ခေါ်တဲ့ မိုဘိုင်းဖုန်းလိုင်းဖြတ်တောက်စက် တစ်စုံကို တွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ ပတ်သက်လို့ အမှုစစ်ရဲရာရှိကို စစ်ဆေးခဲ့ပါတယ်။
2021-09-27
မြန်မာ့ရွှေဈေးကွက်ဟာ စက်တင်ဘာလ ၂၇ ရက် ဒီနေ့ညနေပိုင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀၁၀၀၀၀ ကျပ်အထိ ဈေးကွက်ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။
2021-09-27
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့နယ်ထဲမှာ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းရဲ့ (၁၀) မီတာထဲအထိ ဝင်ရောက်ပြီး တရုတ်ရဲ့ ခြံစည်းရိုးကာရံထားမှုအတွက် ကန့်ကွက်မှုတွေ လုပ်သွားမယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
2021-09-27
ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ် ကျောက်ဆည်ကန်တိုက်ပွဲမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ကျဆုံးသွားတဲ့ လွိင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် အသက် ၂၅ နှစ်အရွယ် မောင်ပါစ္စကွားလယ် (ခ) ခိုးခိုရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။
2021-09-27
မကွေးတိုင်း၊ မကွေးမြို့ ကန်သာစီ ၁၈ လမ်းမှာရှိတဲ့ စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးအနားမှာရှိတဲ့ ပြည်သူ အယောက် ၅၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသွားတာ သုံးရက်မြောက်တဲ့ ဒီကနေ့အချိန်အထိ ပြန်လွှတ် မပေးသေးဘူးလို ဒေသခံတွေကပြောပါတယ်။
2021-09-27
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူတောင်ရွာအနားက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၆ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-26
မန္တလေးမြို့က ၈၉-၉၀ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းလည်းဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ကိုသိန်းထွန်းဦး (ခေါ်) ကိုဖက်တီးဟာ စစ်ကောင်စီရဲ့လက်ချက်နဲ့ မနေ့က သေဆုံးသွားရပြီလို့ သတင်းရရှိပါတယ်။
2021-09-26
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ကြို့ချောင်းကျေးရွာအုပ်စု၊ သူရောင်ကန်ရွာ (သူယောင်ကန်) အုပ်ချုပ်ရေးမှူးကို စက်တင်ဘာလ ၂၆ ရက်နေ့ ဒီကနေ့ အဖွဲ့ အစည်း တစ်ခုက ကျည်ဆံတွေနဲ့အတူ စာရေးသားပေးပို့ပြီး သတိပေးခံရတယ်လို့ သိရပါတယ်။
2021-09-26
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တောင်တွင်းပြည့်သူကာကွယ်ရေးတပ် PDF တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးယောက် သေဆုံးပြီး တောင်တွင်း PDF ဘက်က ၁၅ ယောက် သေဆုံးခဲ့ပါတယ်။
2021-09-26
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှာ စက်တင်ဘာလ ၂၅ ရက် မနေ့ကတစ်နေကုန် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-26
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အောင်သာ၊ ကျွန်းလယ်နဲ့ မှန်တောရွာတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၂၆ ရက် ဒီကနေ့မနက် အစောပိုင်းလောက်ကစပြီး အိမ်စီးကား ငါးစီး၊ ဆိုင်ကယ် ၁၅ စီးတို့နဲ့ ရွာထဲဝင်ပစ်ခတ်ခဲ့လို့ ရွာသားနှစ်ယောက် သေဆုံးခဲ့ပါတယ်။
2021-09-26
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒုရဲအုပ် ချယ်ရီထက်နဲ့ ရဲအုပ် ပြည့်ဖြိုးနိုင်တို့ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ RFA ရဲ့ နေပြည်တော် သတင်းအရင်းမြစ်တွေက အတည်ပြုပြောပါတယ်။
2021-09-26
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်တပ်နဲ့ မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ငွေတောင်ရွာနဲ့ ညောင်ဝန်းရွာက ရွာသားတွေကို တစ်ပတ်အတွင်း ပြောင်းရွှေ့ဖို့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စစ်တပ်က ခြိမ်းခြောက် ပြောခဲ့တယ်လို့ ညောင်ဝန်းရွာ ဒေသခံတွေက ပြောပါတယ်။