သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-31
ရာထူးကအနားပေးခံရတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် နှုတ်ထွက် သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးအဖြစ် အဆိုပြု ခံထားရသူ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော ပါတယ်။
2014-07-31
စစ်တပ်ကသိမ်းထားတဲ့ အိမ်မြေနေ ရာတွေပြန် ရဖို့တောင်းဆိုနေတဲ့ မိချောင်း ကန်ရပ်ကွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို အရပ်ဝတ် လူတစ်စုက ကန်တော်ကြီး မျှော်စင်ကျွန်းအနီးမှာ ဒီနေ့မနက် က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးတင်တရားစွဲကာ ညနေ ပိုင်းမှာ အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့သတင်း ရရှိ ပါတယ်။
2014-07-31
ကြားဖြတ်အစိုးရတင်မြှောက်တဲ့ သတင်းရေးသားဖော်ပြတဲ့ မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၇ ဦးကို သြဂုတ်လ ၄ ရက်နေ့မှာ အမှုစတင်စွဲဆိုတော့မယ်လို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်နေ တဲ့ ဗဟိုတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2014-07-30
အရှေ့တောင်အာရှက နိုင်ငံတွေဖြစ်ကြ တဲ့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ငှက်ဖျားရောဂါ ကုသဆေး မတိုးတော့တဲ့လူနာတွေ အများအပြားတွေ့နေ ရပြီလို့ ကမ္ဘာ့ကျန်းမာရေး ထိပ်တန်းပညာရှင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က သတိပေးလိုက်ပါတယ်။
2014-07-30
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဥက္ကဌ သူရဦးရွှေမန်း ပြောဆိုခဲ့တာဟာ မြန်မာပြည်အတွက် သင့်တော်မယ့် ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့ ကော်မရှင်တစ်ခုဖွဲ့စည်းရေးသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားလိုက်ပါတယ်။
2014-07-30
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာက ရွှေတွင်းလုပ်ငန်းတွေ ကို ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက တရားမဝင်လုပ်ငန်းတွေဆိုပြီး ဝင်ရောက်ဖမ်းဆီးနေ တာကြောင့် ရွှေတွင်းလုပ်သား တစ်ရာကျော်လောက် တွင်းထဲမှာပိတ်မိနေတယ်လို့ ရွှေတွင်းလုပ်သားတွေကပြောပါတယ်။
2014-07-30
နေပြည်တော် ဒက္ခိဏသီရီခရိုင် တရားရုံး မှာ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒီကနေ့ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2014-07-30
တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့ ၁၆ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေး တပ်မတော်တို့ရဲ့ အစည်း အဝေးကို ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့ ကျင်းပကြပါတယ်။
2014-07-30
လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး နေရာအတွက် ဒုတိယဝန် ကြီး ဒေါက်တာသန်းအောင်ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ မနေ့ကရက်စွဲနဲ့ သဝဏ်လွှာပေးပို့ အဆိုပြုလိုက်ပါတယ်။
2014-07-30
ကယားပြည်နယ် ဒီမောဆိုမြို့နယ်၊ အမှတ် ၃၆၀ အမြောက်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ ဒီမောဆိုမြို့နယ် ‘ဒေါဆိုရှေ့’ ရွာအနီးက ရွာသား ၁၀ ဦးကို ဒီမောဆို မြို့နယ်ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2014-07-30
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ် နဲ့ ဆက်စပ်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက ဖမ်းဆီးထားတဲ့ သူတွေထဲက ကြာနီကန် သချုႋင်းကို ဖျက်တယ် ဆိုပြီး ဖမ်းခံထားရသူတွေနဲ့ ဂျွန်းဗ လီဖျက်ဆီးခံရမှုနဲ့ ဖမ်းခံ ထားရသူတွေအတွက် ‘မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်း သိမ်းရေးကော်မတီ’ အဖွဲ့ဝင်ရှေ့နေတွေက ဥပဒေကြောင်း အရ ကူညီပေးမယ်လို့ ပြောပါတယ်။
2014-07-30
ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်း မှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်နဲ့ တိုင်းရင်းသားတွေ အတွက် မိခင်ဘာသာစကားနဲ့ သင်ကြား ခွင့်တွေ မပါရှိ လို့ဆိုပြီး မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့ မှာ ကျောင်းသား ၆၀ လောက်က ဒီနေ့ ဆန္ဒပြ ကန့်ကွက် ခဲ့ကြပါတယ်။
2014-07-29
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် တို့ကို နှုတ်ထွက် ခွင့်ပြုလိုက်ကြောင်း ဇူလိုင် ၂၉ ရက် မနေ့က ကြေညာလိုက် ပါတယ်။
2014-07-29
လှိုင်သာယာ၊ ညောင်တုန်း၊ ဟင်္သာတ ရထားလမ်းစီမံကိန်းအတွက် သိမ်းခံထား ရတဲ့ လယ်ယာမြေနဲ့ သီးနှံလျော်ကြေးတွေပေးဖို့ တောင် သူတွေက ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။
2014-07-29
ပဲခူးတိုင်းဒေသကြီးအတွင်းက လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေအရေး ကို တာဝန်ယူဖြေ ရှင်းမပေးတဲ့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှုတ် ထွက်ပေးရေး ဆန္ဒပြဖို့ ဒေသခံတွေက ခွင့်ပြုချက်တောင်းခံ တာကို ပြည်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က ငြင်းပယ်လိုက်တယ် လို့ သိရပါတယ်။