သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-14
ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မှာ နေထိုင်သူတွေဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့ ပြောဆိုပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ ရိုဟင်ဂျာဆိုတာမရှိဘူး လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။
2013-06-14
မြန်မာနိုင်ငံက လွှတ်တော်အနေ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကို ကန့်သတ်ထားတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် မြန်မာပြည်သူတွေအတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေမှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
2013-06-14
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ငြိမ်းချမ်းစွာတောင်းဆို တဲ့ ကျောင်းသားတွေနဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အာဏာပိုင်တွေ က ပြစ်ဒဏ်တွေ စီရင်လိုက်ပေမယ့်၊ ဆန္ဒပြသူ သံဃာတော်တွေနဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မီးလောင်ကျွမ်း ဒဏ်ရာရအောင် အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အရေးမယူဘူးလို့ ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC က မနေ့က ကြေညာချက်ထုတ်ပြန် ပြစ်တင်လိုက်ပါတယ်။
2013-06-14
မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို အကာအကွယ်ပေးဘို့ ပျက်ကွက်ခဲ့တယ်လို့ ဥရောပပါလီမန်က ကြာသာပတေးနေ့ က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
2013-06-13
မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး NHCRက အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ ပြောင်းရွှေ့အခြေချနိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်လို့ မလေးရှား အစိုးရက ပြောကြားလိုက်ပါတယ်။
2013-06-13
ပြီးခဲ့တဲ့ မေလ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၂၉ ဦးကို အများပြည်သူ အသုံးပြုရာလမ်းမမှာ စုဝေးသွားလာမှုနဲ့ လားရှိုးမြို့နယ် တရားရုံးက ၁၄ ရက်တစ်ခါ လက်မှတ် လာရောက်ထိုးရတဲ့ ခြေချုပ်ပြစ်ဒဏ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
2013-06-13
တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ် မှာ အစိုးရ အိမ်ယာတွေ ဆောက်ဖို့ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို ဒေသခံ တောင်သူတွေ ကို ပြန်လည်လုပ်ကိုင်စားသောက်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။
2013-06-13
အကြမ်းဖက်မှုတွေဖြစ်အပြီး မလေးရှားရောက် မြန်မာတွေ အကြား မြန်မာနိင်ငံကို ပြန်ချင်သူတွေ အလွန်များနေတယ်လို့ သိရပါတယ်။
2013-06-13
တပ်မတော်ကို မြေဌားရမ်းခပေးပြီး မိသားစုလိုက် မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ကိုင်နေထိုင်နေတဲ့ သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် ၁ ၊ ၂ ရပ်ကွက်တွင်းက အိမ်ထောင်စု ၁ဝဝ ကျော်ရဲ့ နေအိမ်တွေကို အာဏာပိုင်တွေက ဒီကနေ့ အင်အားသုံးဝင်ရောက် ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
2013-06-13
မြန်မာနိုင်ငံရဲ့ ဘိန်းအများဆုံး စိုက်ပျိုးထွက်ရှိတဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းသွားဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ( UNODC ) အဖွဲ့တို့ ဒီကနေ့ UNODC ရုံးမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2013-06-13
ကချင်လွတ်မြောက်ရေးအဖွဲ့ကြီး KIO အနေနဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဆွေးနွေးပွဲတိုင်းမှာ ကချင်တိုင်းရင်းသားတွေအရေး တစ်ခုတည်း မဟုတ် ဘဲ ပြည်ထောင်စုတွင်းက တိုင်းရင်းသားအားလုံးအရေးကို အထူးအလေးထား ဆွေးနွေးသွားမှာဖြစ်ကြောင်း KIO က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2013-06-13
မြန်မာ အာဏာပိုင်တွေအနေနဲ့ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ သလို နောက်ကြောင်း ပြန်လှည့်နေတာတွေ လည်းရှိတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ က ဒီကနေ့ ဝေဖန်ထောက်ပြလိုက်ပါတယ်။
2013-06-12
မန္တလေးမြို့ ကိုင်းတန်းညဈေး ဖျက်သိမ်းမှု ဆန့်ကျင် ကန့်ကွက်ခဲ့တဲ့ ဈေးသည်တွေနဲ့ သူတို့ကိုကူညီသူ စုစုပေါင်း ၇ ယောက်ကို ချမ်းအေးသာဇံမြို့နယ် တရားရုံးက မနေ့က ထောင်ဒဏ်တွေအသီးသီး ချမှတ်လိုက်ပါတယ်။
2013-06-12
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဇင်ယော်နဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၁၂ ရက် နေ့လည်ပိုင်းက ကာပုန်း(Kepong)ရပ်ကွက်က ဆမ်နပ်ဆမ်ဘောဓိ(Samnak Sambodhi)မြန်မာဘုန်းတော်ကြီးကျောင်းကို ရောက်ရှိ သွားပြီး၊ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ရန်ရှာတိုက်ခိုက် မှုတွေကြောင့် လာရောက်ခိုလှုံနေထိုင်ကြတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ ဆရာတော် ဒေါက်တာ အိန္ဒက ဦးစီးတဲ့ လူမှုရေးအဖွဲ့ဝင်တွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။
2013-06-12
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက်ဆိုရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ အပေါ်ထားရှိတဲ့ တပ်မတော်ရဲ့ သဘောထားကြီးမှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ RCSS/ SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်ပါတယ်။