သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-06
NLD အမျိုးသား ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို ပုတ်ခတ်ပြောဆိုတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-ကနဲ့ တရားစွဲဆိုခံရတဲ့ ဦးဝီရသူကို စစ်ကောင်စီက အမှုကရုတ်သိမ်းပြီး မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
2021-09-06
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေတာတွေကို ထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်း ပြချက်နဲ့ စစ်ကောင်စီက ရုံးပိတ်ရက် ရှည်တွေကို ကြေညာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေကို ရုံးထုတ်မစစ် ဆေးဖြစ်တာ အချိန်နှစ်လနီးပါး ကြာလာခဲ့ပါပြီ။
2021-09-06
ပဲခူးတိုင်း ပြည်မြို့ ဗိုလ်ချုပ်လမ်းမပေါ် ခေတ္တရာပန်းခြံရှေ့ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ နေရာမှာ စက်တင်ဘာ ၆ ရက် ဒီနေ့ ပေါက်ပွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး တဲ့နောက် သေနတ်သံတွေ ဆက်တိုက်ကြားခဲ့ရသလို တစ်မြို့လုံးကိုလည်း ပိတ်ဆို့ရှာဖွေနေတယ်လို့ ပြည်မြို့ခံတွေ က ပြောပါတယ်။
2021-09-06
သြဂုတ်လ တစ်လအတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြစ်စဉ်ပေါင်း ၄၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် စစ်ကောင်စီ ဘက်က ၅၈၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2021-09-06
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းသုခကျော်ကို စက်တင်ဘာ ၆ ရက် ဒီနေ့မှာ မြောက်ဥက္ကလာ စစ်ခုံရုံးကနေ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ ကိုမင်းသုခကျော်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
2021-09-06
ထိုင်းနိုင်ငံတောင်ပိုင်း၊ တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်ထဲကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ငါးဦးကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနိုင်ငံထုတ် MGR Online သတင်းမှာ ဖော်ပြထားပါတယ်။
2021-09-06
မန္တလေးတိုင်း မိုးကုတ်မြို့ နီလာဈေးကြီးအပြင်ဘက်တန်းမှာ ကုန်ခြောက်ရောင်းတဲ့ ဇနီးမောင်နှံ နှစ်ဦးကို စက်တင်ဘာ ၆ ရက် ဒီနေ့မနက် ၉ နာရီခွဲခန့်မှာ အမည်မသိ ဆိုင်ကယ်သမား တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့ဒေသခံ တစ်ဦးက ပြောပါတယ်။
2021-09-06
တန့်ဆည်မြို့ပေါ်မှာ စက်တင်ဘာ လေးရက်ညနေပိုင်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ် တလျှောက် သေနတ်တွေ ပစ်ဖောက်ပြီးလမ်းသွား၊ လမ်းလာတွေကို သာမက အိမ်ထဲရှိနေတဲ့သူတွေကိုပါ ဝင်ရောက်ဖမ်းဆီးနေကြတာဖြစ်ပါတယ်။
2021-09-06
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသမှာ စက်တင်ဘာ ၅ ရက် မနေ့က MNDAA မြန်မာ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကို စစ်ကောင်စီ တပ်တွေက အင်အားအလုံးအရင်းသုံးကာ လက်နက်ကြီးနဲ့ လည်း အကြိမ် ၆၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ကိုးကန့်သတင်း စာမျက်နှာက ဖော်ပြထားပါတယ်။
2021-09-05
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျင်းပတဲ့ "Visa Pour L'Image" ဓာတ်ပုံ ပွဲတော်မှာ လုံခြုံရေးအရ အမည်မဖော်နိုင်တဲ့ မြန်မာဓာတ်ပုံသတင်းထောက် တစ်ဦးက ထိပ်တန်းဆု ဆွတ်ခူးသွားပါတယ်။
2021-09-05
စစ်ကောင်စီက ထိုးစစ်ဆင်နေတာ အမြန်ဆုံးရပ်တန့်ရေး၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ညှဉ်းပန်းနေတာ အဆုံးသတ်ရေးနဲ့ အာဏာသိမ်းမှု အဆုံးသတ်ပြီး ရာဇဝတ်မှု ကျူးလွန်တာတွေပေါ် တာဝန်ခံမှုရှိလာရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက ထိထိရောက်ရောက် ဆောင်ရွက် ပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက မနေ့က တိုက်တွန်းလိုက်ပါတယ်။
2021-09-05
မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ပြည်တွင်းလက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ၄ လကြာ အပစ်အခတ်ရပ်စဲကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Erywan Yusof က တောင်းဆိုလိုက်ပါတယ်။
2021-09-05
စက်တင်ဘာ ၂ ရက်နေ့ည ၈ နာရီလောက်မှာ ရွှေဘိုမြို့ စက်မှုဇုန်ကနေပြန်လာတဲ့ လူငါးယောက်ကို အမှတ် (၄) ရပ်ကွက် တပ်သားစုဆောင်ရေးတပ်ရှေ့မှာ စစ်ကောင် စီတပ်တွေက ဖမ်းဆီးလိုက်ပြီး ရိုက်နှက်နှိပ်စက်ညှဉ်းပန်း တာကြောင့် အဲဒီ ငါးယောက်ထဲက တစ်ယောက် သေဆုံး သွားတယ်လို့ ရွှေဘိုမြို့ခံတွေက ပြောပါတယ်။
2021-09-05
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဝါးရုံကန်ရွာမှာ စက်တင်ဘာလ ၅ ရက် ဒီနေ့မနက် ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့် ရွာထဲဝင်ကာ ဒေသခံ ခြောက်ဦးကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-09-05
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ စက်တင်ဘာ ၄ ရက် မနေ့က ညနေမှာ ရဲတပ် ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်တစ်လျှောက် သေနတ်တွေ ပစ်ဖောက်ကာ လမ်းသွားလမ်းလာသူတွေကို ဖမ်းဆီးနေတယ်လို့ မြို့ပေါ်နေ ဒေသခံတစ်ဦးက ပြောပါတယ်။