သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-08
မြန်မာ့သစ်လုပ်ငန်းအတွက် သစ်ဆွဲဖို့ တောထဲကဖမ်းဆီးလာပြီး ခိုင်းစေခံရတဲ့ဆင်တွေဟာ ဆင်စခန်းတွေမှာ မွေးဖွားတဲ့ဆင်တွေထက် ပျှမ်းမျှအသက် ၅ နှစ် တိုတယ်လို့ Finland နိုင်ငံ Turku တက္ကသိုလ်က သုတေသီတွေက မနေ့က ပြောကြားလိုက်ပါတယ်။
2018-08-07
ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် မုံရွာမြို့ကနေ ခန္တီးမြို့အထိ အသွားအပြန် ပြေးဆွဲနေတဲ့ ရေယာဉ်တွေ ဒီနေ့ကစပြီး ပြေးဆွဲမှုရပ်နားလိုက်ပါတယ်။
2018-08-07
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းက ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ မောင်တောမြို့မှာ ပြုလုပ် သွားမယ်လို့ သိရပါတယ်။
2018-08-07
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကနေ ရရှိထားတဲ့ ပြည်ထောင်စုသဘောတူညီချက်ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
2018-08-07
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့က Myanmar Fu Fung အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို တစ်လစာ လုပ်ခမပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့အတွက် အဲဒီစက်ရုံကို အစိုးရက မနေ့ညက ချိတ်ပိတ်လိုက်ပါတယ်။
2018-08-06
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ် ပို့ထားရေးအစီအစဉ်ကို စွန့်လွှတ်ဖို့ HRW လူ့အခွင့်အရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2018-08-06
BACI လို့ခေါ်တဲ့ မြန်မာအမေရိကန်အင်စတီကျုရဲ့ လေ့လာချက်အရ အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ မြန်မာလူမျိုးတွေရဲ့ ကောလိပ်ကျောင်း တက်တဲ့နှုန်းဟာ ၂ဝ၁၈ ခုနှစ်မှာ ၉၂ ရာခိုင်နှုန်းမြင့်မားလာတယ်လို့ ဆိုပါတယ်။
2018-08-06
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို က ဒီနေ့ ပြောခဲ့ပါတယ်။
2018-08-06
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-08-06
လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ် ကျပ်သိန်း ၅၈၀၀ တောင်းခံထားတာကို စစ်ဆေးချက်အရ အမှန်တကယ် ကုန်ကျစရိတ်ဟာ လေးပုံတစ်ပုံခန့်သာ ရှိသင့်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
2018-08-06
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ အမှုမှာ အဓိကကျတဲ့ မူရင်းဟောပြောချက် အသံဖိုင်ကို ဒီနေ့ရုံးချိန်းမှာ ဖွင့်ပြီး စတင်စစ်ဆေး ခဲ့ပါတယ်။
2018-08-06
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦး အမှုအတွက် နောက်ဆုံးသက်သေတွေကို ရနှ်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
2018-08-06
သြဂုတ်လ ၂ရက်နေ့က တရုတ်-မြန်မာနယ်ခြား ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဆင့် တရားမဝင် ရောက်ရှိလာတဲ့ ဖမ်းဆီးထားတဲ့ တရုတ်ကုန်တင်ကား ၃၁ စီးပေါ်က ပစ္စည်းတွေကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင်စစ်ဆေးနေပါတယ်။
2018-08-06
ကရင်အာဇာနည်နေ့အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား ထည့်သွင်းကျင်းပမယ့်အပေါ် ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားပေမယ့် အစီအစဉ်အတိုင်း ကျင်းပသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ပြောပါတယ်။
2018-08-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးအဖွဲ့က ဦးဆောင်ကျင်းပခဲ့တဲ့ အမျိုးသမီးညီလာခံကို ပြည်ထောင်စုဝန်ကြီးနှစ်ဦး တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့အပေါ် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီအပါအဝင် ပါတီ ၂၃ ခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်ကြောင်း တိုင်ကြားထား ပါတယ်။