သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-14
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်နဲ့ ၁၃ ရက် မီးရှို့ဖျက်ဆီးသွားပြီး အနီးတစ်၀ိုက်ရွာတွေကိုလည်း စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2025-03-14
ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားငါးဦး သေဆုံးတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2025-03-14
ပဲခူးအရှေ့ခြမ်း ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တို့မှာ စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်းသုံး ပစ်ခတ်တာတွေကြောင့် ငါးဦး သေဆုံးပြီး၊ ရွာဆယ်ရွာက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2025-03-14
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်တပ်မှာ လိုက်ပါလာတဲ့ စစ်မှုထမ်း တပ်သားသစ် ငါးဦး လက်နက်နဲ့တကွ ခိုလှုံလာတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2025-03-13
ဒီလက်ခတ်တောင်တာဝါတိုင်စခန်းမှာ စစ်ကောင်စီတပ်သား သုံးဆယ်ဝန်းကျင် အထိုင်ချတဲ့စခန်းလို့လည်း ဆိုပါတယ်။
2025-03-13
မြန်မာစစ်ကောင်စီနဲ့သာမက တခြားပါဝင်ပတ်သက်သူတွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်ရေးအရ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
2025-03-13
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးနေရတဲ့အတွက် ဆေးဝါးနဲ့အစားအသောက်တွေ အခက်အခဲဖြစ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2025-03-13
၂၀၂၅ ခုနှစ်မှာ ဆန်၊ ဆီ၊ ဆားနဲ့ ပဲ အပါအဝင် အဓိကအားထားပြီး စားရတဲ့ ရိက္ခာဈေးနှုန်း ၃၀ ရာခိုင်နှုန်းအထိ တက်မယ်လို့ မျှော်မှန်းရကြောင်းလည်း ပြောပါတယ်။
2025-03-13
မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။
2025-03-13
မတ်လ ၈ ရက်က ကျင်းပခဲ့တဲ့ အပတ်စဉ် ၁ တပ်မှူးသင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
2025-03-13
ရိုဟင်ဂျာဒုက္ခသည်တွေဟာ လူသားချင်းစာနာရေးအကူအညီဖြတ်တောက်ခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
2025-03-13
တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီတရုတ်လူမျိုးတွေကို ကားမောင်းပို့ပေးဖို့ ဘတ် ၆၅၀၀ ပေးပြီး ကားငှားခဲ့တာလို့ ထိုင်းလူမျိုး ကားဒရိုင်ဘာက ပြောပါတယ်။
2025-03-13
BGF ကွပ်ကဲရေးရုံးနေရာမှာ ကျန်နေသေးတဲ့ တရုတ်နိုင်ငံသား ၂၈၀၅ ဦးထဲက ၄၅၀ ကို ထပ်လွှဲတာလို့ BGF ကွပ်ကဲရေးရုံး သတင်းရင်းမြစ်က ပြောပါတယ်။
2025-03-13
အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့နိုင်ငံရေးသမားတွေအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မတ်လ ၁၂ ရက်နေ့မှာ တုံ့ပြန်ပြောဆိုပါတယ်။
2025-03-13
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ လူသားချင်းစာနမှုအကူညီတွေရရှိရေး အပါအဝင် အချက်သုံးချက်ကို BROUK က မတ်လ ၁၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။