သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-29
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမှာမဟုတ်ပဲ အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ ဆုံဆွေးနွေးပွဲမျိုးကိုသာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ကရင်အမျိုးသား အစည်း အရုံး KNU နဲ့ ၇ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ မှာ ပြောကြားလိုက်ပါတယ်။
2014-11-29
ရှမ်းပြည်နယ်မှာရှိတဲ့ ဘိန်းစိုက်ဧက ကိုးထောင်ကျော်ကို အခုနှစ်အတွင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ က ပြောကြားလိုက်ပါတယ်။
2014-11-28
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ နယ်၊ ရွှေလေးကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁ဝလုံးကျော်ကို ၅ ရက်အတွင်း ဖယ်ရှားပေး ဖို့ အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ်က ညွှန်ကြား ထားကြောင်း သိရပါတယ်
2014-11-28
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲတွေကို မန္တလေးတိုင်းရှိ တက္ကသိုလ်တွေအတွင်း ကျင်းပခွင့်ရရှိရေးအတွက် စီစဉ်ပေးရန် သက်ဆိုင်ရာပါမောက္ခချုပ်တွေက သဘောတူခဲ့ကြောင်း သိရပါတယ်။
2014-11-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရန်ကုန်ကိုတင်ပို့မယ့် တရားမဝင် ဒိုင်ယာဇီပင် အလုံး ၃၅၀၀၀ ကျော်ကို မူးယစ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။
2014-11-28
ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်း သားခေါင်းဆောင် ကိုလှမျိုးနောင်ဟာ ဒီနေ့ မနက်ပိုင်းက ရန်ကုန်မြို့ စံပြဆေးရုံမှာ ကွယ်လွန်သွား ပါတယ်။
2014-11-28
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖဲ့ွဟာ နေပြည်တော်မှာ မကြာခင်တေ့ွဆုံသွားမယ်လို့ သိရပါတယ်။
2014-11-28
ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီတွေ စုပေါင်းပြီး စစ်ဘေးဒုက္ခ သည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေဖျော်ဖြေပွဲကို မြစ်ကြီး နားမြို့ စီတာပူရပ်ကွက် မနောကွင်းမှာ ဒီနေ့ကစပြီး ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
2014-11-28
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လယ်ယာမြေအရေး လှုပ်ရှားသူတွေ အပါအဝင် တောင်သူတစ်ရာကျော်ဟာ အမျိုးသား မြေအသုံးချမှုမူဝါဒ မူကြမ်းကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2014-11-28
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ခရာဘွမ်တောင်ကြောတစ်လျှောက်မှာရှိတဲ့ အစိုးရစစ်တပ်ရဲ့တပ်စခန်းတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ရုပ်သိမ်းမိန့်ထုတ်ပေးဖို့ အရပ်ဖက်လူမှု အဖွဲ့အစည်း တစ်ရာကျော်က ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။
2014-11-28
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေ သကြီးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးအဖွဲ့ဝင်တွေအတွက် ချီးမြှင့်ငွေကို တစ်လဆယ်သိန်းနဲ့ တစ်နေ့အသုံးစရိတ်အဖြစ် ကျပ် နှစ်သောင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
2014-11-27
၆ ပွင့်ဆိုင်တွေ့ဆုံပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေက လျှို့ဝှက်မဲပေးစနစ်နဲ့ ဒီနေ့ ရွေးချယ်လိုက်ပါတယ်။
2014-11-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးတို့ ဒီနေ့ တွေ့ဆုံ ဖို့စီစဉ်ခဲ့ရာမှာ ပျက်သွားခဲ့ပါတယ်။
2014-11-27
မန္တလေးခရိုင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် က ကျောင်းသား ကျောင်းသူ ၆၀ ခန့်ဟာ အမျိုးသားပညာရေးဥပဒေကို မန္တလေးမြို့မှာ ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။
2014-11-27
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး တောင်း ဆိုထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်း ဆိုမှုဟာ လောလောဆယ် ဖြစ်နိုင်မှာမဟုတ်သေးဘူး လို့ သမ္မတ ဦးသိန်းစိန်ရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။