သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-08
လာမယ့် ၂ဝ၁၄ ခုနှစ်ရောက်ရင် အာဆီယံဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိကြောင်း၊ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ဥက္ကဋ္ဌ တာဝန်ယူဖို့ ခွင့်ပြုမယ့် အလားအလာတွေ ရှိနေကြောင်း ဂျကာတာက လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
2011-05-08
ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး အနုပညာ ပွဲတော်တခု ဖြစ်တဲ့ ဘရိုက်တန် အနုပညာပွဲတော်ကို မနေ့က ဖွင့်လှစ်ခဲ့ရာမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပွဲတော်ရဲ့ ဂုဏ်ထူးဆောင် ဒါရိုက်တာအဖြစ် သတ်မှတ်ခဲ့ပြီး ပွဲတော်ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
2011-05-08
ဂျကာတာမြို့မှာ ပြုလုပ်တဲ့ ASEAN- EU စီးပွားရေးဆွေးနွေးပွဲမှာ ထားဝယ် ရေနက်ဆိပ်ကမ်းမှာ ရင်းနှီးမြုပ်နှံဖို့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေက EU ကို ဆွေးနွေးခဲ့ပေမယ့် EU ဘက်က စိတ်ဝင်စားတဲ့ အရိပ်အယောင် မပြခဲ့ဘူးလို့ သိရပါတယ်။
2011-05-08
အစိုးရနဲ့ ဆက်နွယ်နေသူကို အာစီယံ လူထုကိုယ်စားပြု အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် မြန်မာအစိုးရက ခန့်အပ်ပြီး အာဆီယံက အတည်ပြုခဲ့တဲ့ အပေါ် အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်း ညီလာခံ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဝေဖန် ရှုတ်ချလိုက်ပါတယ်။
2011-05-08
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲမှုတွေ ရှိတယ်လို့ သိရပါတယ်။
2011-05-07
မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင် အတွင်းက ဗာဖိုင်းကျေးရွာမှာ နေထိုင်တဲ့ ချင်းလူမျိုး မိသားစုတွေကို ဒေသခံ အဖွဲ့အစည်းတွေက အခုလ မကုန်ခင် ကျေးရွာက ထွက်ခွာသွားဖို့ နှင်ထုတ်တဲ့အတွက် ကျောင်းတက်နေဆဲ သားသမီးတွေ ပညာ တပိုင်းတစနဲ့ ကျောင်းထွက် လိုက်ကြရတယ်လို့ သိရပါတယ်။
2011-05-07
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
2011-05-07
ပဲခူးမြို့ NLD ကျန်းမာရေးကွန်ရက် အဖွဲ့က ကြီးမှူးပြီး မြို့ပေါ်ရှိ ပရဟိတ ဆရာတော် ဦးကိတ္ထိကျောင်းတိုက်မှာ ပဲခူးမြို့နယ် ကျေးရွာပေါင်းစုံက လူမျိုးဘာသာမရွေး၊ ကလေးလူကြီးမကျန် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးကြည့်ရှု ကုသပေးပြီး ဆေးဝါး တွေ အခမဲ့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2011-05-07
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်လာဖို့နဲ့ ဒီမိုကရေစီ ကူးပြောင်း ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ မရှိရင် မြန်မာအစိုးရ တောင်းဆိုထားတဲ့ ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ရာထူးကို မပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။
2011-05-07
အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခု ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ အခြေခံလစာငွေ တိုးပေးဖို့ ဧပြီလ (၂၄) ရက်နေ့က စပြီး ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။
2011-05-07
မြန်မာနိုင်ငံက တင်ပြထားတဲ့ ၂ဝ၁၄ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကိစ္စကို စဉ်းစားနေတယ်လို့ အာဆီယံ အရာရှိတွေက မနေ့က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-05-06
မလေးရှားနိင်ငံမှာရှိတဲ့ Electronics ပစ္စည်းထုတ်စက်ရုံ တရုံက မြန်မာ အလုပ်သမား၂၄ ဦး အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ရာ ၂ ဦးကို မေလ ၅ ရက် မနေ့ညက ရဲက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ BCM အဖွဲ့က RFA ကို ပြောပြပါတယ်။
2011-05-06
၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီက ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ တရပ်ကို ကျင်းပသွားမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က မေလ ၆ ရက် ဒီနေ့ ပြောကြားလိုက်ပါတယ်။
2011-05-06
မကွေးတိုင်း၊ ကမ္မမြို့နယ် စစ်စရံကျေးရွာက လယ်မြေ အသိမ်းခံရတဲ့ လယ်သမား ကိုသန်းဦးတို့အပေါ် စွပ်စွဲထားတဲ့ အမှုကို မကွေးတိုင်း အထက်မင်းလှ တရားရုံးမှာ မေလ ၄ ရက်နေ့က စွဲချက်တင်ခဲ့သလို၊ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်တဲ့ မြန်မာ့ဦးပိုင် လီမီတက် တာဝန်ရှိသူတွေကို ကိုသန်းဦးတို့ဖက်က တရားစွဲဆိုထားတဲ့ အမှုကိုလည်း တရားရုံးက စတင် လက်ခံ စစ်ဆေးကြောင်း သတင်းရရှိပါတယ်။
2011-05-06
ဇွန်လ ၁၉ ရက်နေ့ကျရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့အတွက် အမေရိကန် ပြည်ထောင်စုရောက် မြန်မာ တိုင်းရင်းသားပေါင်းစုံက မွေးနေ့ဆုတောင်း ကဒ်ပြားတွေ ပေးပို့ကြမယ်လို့ သိရပါတယ်။