သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-14
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် ခေါ် ကိုထိန်လင်း ကလည်း သူ့မိခင်ရဲ့ ကျန်းမာရေးကောင်းမွန်ရဲ့လားဆိုတာကို သိရှိလိုကြောင်း၊ တစ်စုံတစ်ဦးနဲ့မှလည်း တွေ့ခွင့်မရတဲ့အတွက် တိုက်ပိတ်ခံနေရတဲ့ အကျဉ်းသားတစ်ဦးလိုဖြစ်နေကြောင်း ပြောပါတယ်။
2023-09-14
မယ်စဲ့မြို့နယ်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲထွက်ပြေးခိုလှုံသွားတဲ့ ကရင်နီဒုက္ခသည် ကိုးထောင်ထဲက ရှစ်ရာခန့် နေရပ်ပြန်လာကြတယ်လို့ ပြောပါတယ်။
2023-09-13
အဲဒီကြားနာပွဲမှာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူတွေနဲ့ ကိုယ်တွေ့ကြုံခဲ့သူ မျက်မြင်သက်သေအချို့ရဲ့ ထွက်ဆိုချက်တွေ ကြားနာစစ်ဆေးခဲ့ကြပါတယ်။
2023-09-13
မြစ်ကြီးနားကနေ စစ်ကူလာတဲ့ စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူးအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ ၃၀ နီးပါး ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2023-09-13
မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောင်အာဏာပိုင်တွေဘက်က လိုက်လျောဖို့ သဘောတူတဲ့တွက် အစာငတ်ခံဆန္ဒပြမှုကို စက်တင်ဘာ ၁၃ ရက်မှာ ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။
2023-09-13
ဟင်္သာတမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် အိမ် နှစ်ရာခန့် ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း တစ်ထောင်ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ပြောပါတယ်။
2023-09-13
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် သာယာအေးရွာနဲ့ ဖားရွှေကျော်ရွာအနီးမှာ စက်တင်ဘာ ၁၁ ရက်နေ့က အသက် ၂၀ ကျော်နဲ့ ၃၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦး ပစ်သတ်ခံခဲ့ရပါတယ်။
2023-09-13
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာနိုင်ငံသား နှစ်ဦးနဲ့ အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦးကို မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ဖမ်းဆီးလိုက်ပါတယ်။
2023-09-13
ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးအမှုအတွက် လူငယ်လေးဦးကို ဖျာပုံခရိုင်တရားရုံးကသေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ ပြောပါတယ်။
2023-09-13
PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ မိုးကောင်းမြို့က စက်သုံးဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးအနက် ဇနီးဖြစ်သူ ဒေါ်ခင်မာဆွေ စစ်ကြောရေးမှာ နှိပ်စက်ခံရမှုကြောင့် စက်တင်ဘာ ၁၂ ရက်က သေဆုံးသွားပြီလို့ ပြောပါတယ်။
2023-09-13
ဒဂုံမြို့သစ်တောင်ပိုင်း၊ ၆၀ ရပ်ကွက်မှာရှိတဲ့ နေအိမ် ၂၇ လုံးကို တစ်လအတွင်း ဖယ်ရှားပေးဖို့ ဖိအားပေး ပြောဆိုလာတယ်လို့ ရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။
2023-09-13
ထီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မောချောင်းရေလျှံပြီး ရွာ သုံးဆယ်နီးပါးက လူ သုံးထောင်နီးပါး ရေဘေးဒဏ်ကြုံနေရတယ်လို့ပြောပါတယ်။
2023-09-12
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို လက်နက်အင်အား အများအပြားနဲ့ မြန်မာစစ်သားတွေ ဖြတ်ကျော်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ ထိုင်း Fair Party လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။
2023-09-12
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၃ ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရှစ်လအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူ ၁၆၀၀ ကျော်ကို ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2023-09-12
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ဒေသခံ ၁၁ ဦးထဲက လမ်းမလျှောက်နိုင်တော့သူတစ်ဦး စက်တင်ဘာလ ၁၁ ရက်နေ့မှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။