သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-20
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ရွာတွေကို ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက် ရွာနှစ်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-20
မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေအတွင်း လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးလုပ်သား ၂၈ဝ ဦး သေဆုံးခဲ့တဲ့အပေါ် ကုလသမဂ္ဂက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
2024-08-20
ဒိုက်ဦးထောင်မှာ ဩဂုတ် ၁၉ ရက်နေ့က ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦးခန့် ဒဏ်ရာရခဲ့ပါတယ်။
2024-08-20
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ Toyota ပစ်ကပ်ထရပ်ကားကို သေနတ်နဲ့ ပတ်ခတ်တဲ့အတွက် ကားပေါ်ပါတဲ့ ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ Khaosod သတင်းဌာနက ဩဂုတ်လ ၁၉ ရက်နေ့မှာ ဖော်ပြပါတယ်။
2024-08-20
(MNDAA) ထိန်းချုပ်ဒေသဖြစ်တဲ့ အထူးဒေသ (၁) မှာ ကျန်းမာရေးကဏ္ဍကို CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတယ်လို့ အထူးဒေသ(၁) ကျန်းမာရေးဌာန ပြောခွင့်ရသူ ဒေါက်တာဘသက်က ပြောတဲ့အကြောင်း ကိုးကန့်ပြန်ကြားရေးက ဖော်ပြပါတယ်။
2024-08-20
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က အနီးတစ်၀ိုက်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေရပ်မပြန်နိုင်သေးဘဲ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။
2024-08-20
Mpox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါဟာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကူးစက်ခံသူတွေ ရှိနေတာကြောင့် ပြည်တွင်းလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-08-20
စင်ကာပူအစိုးရအနေနဲ့ ETC ရဲ့ မြန်မာနိုင်ငံဘက်က မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ Jewellery Luck ကုမ္ပဏီအုပ်စုဟာလည်း စစ်ထောက်ချုပ်ရုံးနဲ့ ဆက်လက် စီးပွားရေးလုပ်ကိုင်နေတာကြောင့် ပိတ်ဆို့အရေးယူသင့်တယ်လို့ JFM က တိုက်တွန်းပါတယ်။
2024-08-19
ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်က နေအိမ်တစ်အိမ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2024-08-19
မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူတွေထံ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ရေး (UNOCHA) အကြီးအကဲနဲ့ စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2024-08-19
လာအိုနဲ့ မြန်မာနိုင်ငံမှာ လည်ပတ်တဲ့ အွန်လိုင်းဒုစရိုက်ဂိုဏ်းက ခေါင်းဆောင်ကို တောင်ကိုရီးယား တရားရုံးတစ်ရုံးက ထောင်ဒဏ် ရှစ်နှစ်ချမှတ်လိုက်ပါတယ်။
2024-08-19
ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာအကွယ်ပေးဖို့ AA ကို SAC-M က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2024-08-19
မြန်မာပြည်သူတွေဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ အကြီးအကျယ်ပျက်စီးရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။
2024-08-19
မှတ်တမ်းရုပ်ရှင်ဖန်တီးသူ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းဟာ ဒီနေ့ သြဂုတ်လ ၁၉ ရက် နေ့လယ် နှစ်နာရီက ရန်ကုန်မြို့ ဆာကူရာဆေးရုံမှာ ကွယ်လွန်သွားပါတယ်။
2024-08-19
မိုးမောက်မြို့က နောက်ဆုံး လက်ကျန်ဖြစ်တဲ့ အဲဒီတပ်ရင်းကို ဇူလိုင် ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။