သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-08
ဝက်လက်မှာ ရထားလမ်းလုံခြုံရေး အကြောင်းပြပြီး စစ်တပ်က စစ်ကြောင်းခြောက်ခုနဲ့ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတစ်သိန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-09-08
'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်မြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်နေတဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကို 'ဝ' တပ်ဖွဲ့က စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးပြီး နယ်စပ်ကတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
2023-09-08
အလွန်အကျွံသစ်ထုတ်ယူမှုနဲ့ ခေတ်ဆက်ဆက် နိုင်ငံ့ဝင်ငွေအတွက် သစ်ထုတ်ရောင်းစားခဲ့လို့ သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းထိကျဆင်းကြောင်း စစ်ကောင်စီဥက္ကဋ္ဌက စက်တင်ဘာ ၇ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာ ပြောပါတယ်။
2023-09-07
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တချို့က မေးခွန်းထုတ်နေကြသလို စိုးရိမ်ပူပန်နေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးအကြီးတန်းအရာရှိက ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2023-09-07
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေအရေး ဖြေရှင်းနိုင်အောင် ရေရှည်ခံတဲ့ နည်းလမ်းရှာဖွေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က အာဆီယံထိပ်သီးညီလာခံမှာ ပြောလိုက်ပါတယ်။
2023-09-07
မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ သတ္တမအကြိမ်မြောက် လေတပ်ဦးစီးချုပ်များ ညီလာခံကို အရှေ့တောင်အာရှနိုင်ငံတချို့က မတက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ စက်တင်ဘာ ၇ ရက်နေ့ထုတ် The Straits Times သတင်း မှာ ရေးသားထားပါတယ်။
2023-09-07
ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က စစ်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုက်ပါတယ်။
2023-09-07
သံတောင်ကြီးမြို့နယ်၊ ပျားစခန်းရွာထဲကို လက်နက်ကြီး ရွာထဲကို ကျရောက်ပေါက်ကွဲလို့ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
2023-09-07
ချောင်းဦးမြို့နယ်၊ မုံရွေးကြေးမုံရွာနားက ပြန်ကြားရေးစခန်းကို စက်တင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တာကြောင့် တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တာလို့ ပြောပါတယ်။
2023-09-07
နိုင်ငံတစ်ဝန်းမှာ ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း တစ်သောင်းနီးပါး (၉၉၀၀ ကြိမ်ခန့်) ဖြစ်ပွားခဲ့ပြီး စစ်ရေးဗျူဟာမှာလည်း ခံစစ်ကနေ အကြိုထိုးစစ်ကာလကို ကူးပြောင်းနိုင်ခဲ့ပါတယ်။
2023-09-07
ဆားလင်းကြီးမြို့နယ်တောင်ပိုင်းကို စက်တင်ဘာ ၆ ရက် မနက်ကစပြီး အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်ဝင်လာလို့ ရွာကိုးရွာက ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-09-07
မာန်အောင်ကျွန်းအနီးက ရခိုင်ပင်လယ်ပြင်ကို တရုတ်အာကာသယာဉ် စွန့်ပစ်ပစ္စည်းတွေ စက်တင်ဘာ ၇ ရက်နေ့မနက်အစောပိုင်းက ထပ်မံကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-09-07
ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ စက်တင်ဘာ ၇ ရက်မှာ နှစ်နှစ်ပြည့်ခဲ့ပြီး စစ်ရေးအရ အောင်မြင်မှုတွေရလာသလို နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီလို့ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
2023-09-06
နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ညီလာခံကို မတက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က စက်တင်ဘာလ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
2023-09-06
မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယသမ္မတ ကမ်မလာ ဟဲရစ် (Kamala Harris) က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံအတွင်း ပြောလိုက်ပါတယ်။