သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-09-14
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ ကုလသမဂ္ဂက ဖွင့်ပေးထားတဲ့ ဒုက္ခသည် စခန်းတွေမှာ မနေကြဘဲ မြန်မာနယ်စပ်အနီး တက္ကနပ်ဖ်ခရိုင်မှာ အိမ်ငှားနေထိုင်ကြတယ်လို့ Benar News က သတင်းဖော်ပြပါတယ်။
2024-09-14
လက်ရှိအချိန်ထိ ပိတ်မိနေတဲ့သူတွေရှိနေပြီး ကယ်ဆယ်ရေးလုပ်ဖို့ အကူအညီတောင်းနေတာတွေ ရှိနေဆဲပဲလို့ တောင်ငူမြို့မှာ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-09-14
တောင်ပိုင်းတိုင်း စစ်ဒေသမှာ ဩဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့ရတယ်လို့ စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2024-09-14
ပြည်ပနိုင်ငံတွေဆီက ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးရအောင် ချိတ်ဆက်လုပ်ကိုင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ပြောလိုက်ပါတယ်။
2024-09-14
လူ သုံးသောင်းလောက်အတွက် မဖြစ်မနေ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
2024-09-14
အင်းလေးမှာ တစ်ထပ်အိမ်တွေ အားလုံးနီးပါးမြုပ်နေပြီး နီးစပ်ရာ အထပ်မြင့်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ မစိန်ချယ် (အင်းလေး) က RFA ကိုပြောပါတယ်။
2024-09-14
လားရှိုးမြို့နယ် နန့်ပေါင်ရွာကို စက်တင်ဘာ ၁၃ ရက်နေ့မှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရသွားပါတယ်။
2024-09-14
ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ရွာမှာ စက်တင်ဘာ ၁၄ ရက် ဒီနေ့အထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတစ်ပတ်အတွင်း အရပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး နေအိမ် တစ်ရာခန့် မီးရှို့ဖျက်ဆီးခံထားရပါတယ်။
2024-09-14
စစ်တွေမြို့ အပါအဝင် သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့နယ် ခုနစ်မြို့နယ်ကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ AA က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
2024-09-14
ရွှေဘိုမြို့အနီးက ထနောင်းဝန်းရွာကို စစ်တပ်က စက်တင်ဘာ ၁၂ ရက်မှာ ဝင်ရောက်စီးနင်းစဉ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ပါတယ်။
2024-09-14
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာနဲ့ ရေဝင်ရောက်တာတွေ ဖြစ်ခဲ့ပါတယ်။
2024-09-13
စစ်ကောင်စီရဲ့ စစ်ကူ၊ ထောက်ပို့လုပ်တဲ့ လမ်းပိုင်းတွေကို KNLA မဟာမိတ် ပူးပေါင်းတပ်တွေက ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အခုရက်ပိုင်းမှာတော့ စစ်စခန်းသိမ်းဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
2024-09-13
သေဆုံးခဲ့တဲ့ ဆေးတပ်သား ၁၈ ဦးရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ဆယ်ယူခဲ့ပြီး သက်ဆိုင်ရာမိသားစုတွေ၊ တပ်ဖွဲ့တွေဆီ ပေးပို့ခဲ့တယ်လို့ KNDF က ဆိုပါတယ်။
2024-09-13
ကလောမြို့ ချောင်းဘေးတစ်လျှောက် ရေကြီးရေလျှံပြီး နေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီး သေဆုံးသူ တစ်ရာခန့် ရှိလာပြီလို့ ကလောမြို့ ဒေသခံနဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2024-09-13
ရမည်းသင်းမြို့နယ်က ရွာခြောက်ရွာမှာ မြေပြိုပြီး ပိတ်မိနေသူတွေကို လေးရက်ကြာတဲ့အထိ မကယ်ထုတ်နိုင်သေးဘူးလို့ ပိတ်မိနေတဲ့ ဒေသခံတွေက ပြောပါတယ်။