သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-30
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သုံးပွင့်ဆိုင် ဖိတ်ခေါ် ပြီး နော်ဝေနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပပေးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Borge Brende ဘော့ဂါ ဘရင်န်ဒါ ကို ဒီနေ့ တိုက်တွန်း လိုက်ပါတယ်။
2014-11-30
မြန်မာနိုင်ငံကို မနက်ဖြန်ကစပြီး ဒီဇင်ဘာ လ ၅ ရက်နေ့အထိ ပထမဆုံးအကြိမ် လာရောက်လည်ပတ်မယ့် နော်ဝေဘုရင် ဟယ်ရယ်လ် Harald နဲ့ ဘုရင်မ ဆိုန်ယာ Sonja တို့ဟာ ခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကတို့အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ တွေ့ ဆုံသွားမယ်လို့ သိရပါတယ်။
2014-11-30
NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် စာရေးဆရာထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်လုံးဆိုင်ရာ သံဃာတော် များက နိုဝင်ဘာလ ၂၉ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး သပိတ်မှောက်ကြတယ်လို့သိရ ပါတယ်။
2014-11-29
အမျိုးသားပညာရေးဥပဒေကို တောင်ငူမြို့ မှာ မနေ့က သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျောင်းသားခေါင်းဆောင် ၆ ဦးကို ခွင့်ပြုချက်မရှိပဲဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ရဲကအမှုဖွင့်လိုက်တယ် လို့ သိရပါတယ်။
2014-11-29
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUM ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံ ကိုရန်ကုန် တောင်ဒဂုံ မြို့နယ်ခန်း မမှာ ဒီနေ့ စတင်ကျင်းပနေ ပါတယ်။
2014-11-29
မန္တလေးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၅ဝ ကျော်လောက်က အမျိုးသား ပညာရေးဥပဒေကို ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
2014-11-29
သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ ရာပြည့်မွေးနေ့အကြို ဂုဏ်ပြုပွဲအခမ်း အနား ကို ဒီကနေ့ မန္တလေးမြို့ က တောင်လေး လုံးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
2014-11-29
တိုင်းလိုင် (ခေါ်) ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာ ဒီနေ့ ရုံးခန်းဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါတယ်။
2014-11-29
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရမှု ဒီနေ့ ၂ နှစ်ပြည့်မှာ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ ဆန္ဒပြခဲ့ ကြပါတယ်။
2014-11-29
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကို ကန့်ကွက်ရှုတ်ချကြောင်း ရဟန်းသံဃာတော်တွေ အပါအဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ ရန်ကုန်မြို့ခံ ၁၀၀၀ ကျော်လောက် က ရန်ကုန်မြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-29
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမှာမဟုတ်ပဲ အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုတဲ့ တွေ့ ဆုံဆွေးနွေးပွဲမျိုးကိုသာ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ကရင်အမျိုးသား အစည်း အရုံး KNU နဲ့ ၇ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ မှာ ပြောကြားလိုက်ပါတယ်။
2014-11-29
ရှမ်းပြည်နယ်မှာရှိတဲ့ ဘိန်းစိုက်ဧက ကိုးထောင်ကျော်ကို အခုနှစ်အတွင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ က ပြောကြားလိုက်ပါတယ်။
2014-11-28
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ နယ်၊ ရွှေလေးကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁ဝလုံးကျော်ကို ၅ ရက်အတွင်း ဖယ်ရှားပေး ဖို့ အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ်က ညွှန်ကြား ထားကြောင်း သိရပါတယ်
2014-11-28
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲတွေကို မန္တလေးတိုင်းရှိ တက္ကသိုလ်တွေအတွင်း ကျင်းပခွင့်ရရှိရေးအတွက် စီစဉ်ပေးရန် သက်ဆိုင်ရာပါမောက္ခချုပ်တွေက သဘောတူခဲ့ကြောင်း သိရပါတယ်။
2014-11-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရန်ကုန်ကိုတင်ပို့မယ့် တရားမဝင် ဒိုင်ယာဇီပင် အလုံး ၃၅၀၀၀ ကျော်ကို မူးယစ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။