သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-03
ယောဒေသမှာ တပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့အတွက် ကြိုးစားခဲ့ရာမှာ YPDF က ပူးပေါင်းလာတာလို့ ယောတပ်တော်ကာကွယ်ရေးဌာနမှူးက ပြောပါတယ်။
2025-03-03
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲမြို့ကို ဒေသခံတွေ စွန့်ခွာသွားကြပြီး နေထိုင်သူအနည်းငယ်ပဲ ကျန်တော့တယ်လို့လည်း ဆိုပါတယ်။
2025-03-03
BGF ခေါင်းဆောင်တွေကို တရားစွဲဖို့ အထောက်အထား ခိုင်လုံကြောင်း DSI လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
2025-03-03
မြန်မာစစ်တပ်အနေနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေရပ်ဖို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ဖို့ ဗြိတိန်အစိုးရက ဒီနေ့ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2025-03-03
KNU ထိန်းချုပ်နယ်မြေထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရပ်ရွာတွေထဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေ ရှိနေတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
2025-03-03
KIA နဲ့ TNLA တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ညှိနှိုင်းဖို့ ဆောင်ရွက်နေတယ်လို့ နှစ်ဖက်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံတွေက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။
2025-03-03
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုး မီးရှို့တာကြောင့် ကျောက်ပြုတ်ရွာက နေအိမ်နှစ်ရာနီးပါး မီးလောင် ပျက်စီးခဲ့ပါတယ်။
2025-03-03
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြင်းကပါရွာက လူငယ်ငါးဆယ်ခန့်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ စာရင်းပါဝင်တဲ့အကြောင်း ရေးသားထားတဲ့ အကြောင်းစာတွေ ပို့ဆောင်ခဲ့တယ်လို့ မတ်လ ၃ ရက်နေ့မှာ ဒေသခံတွေက ပြောပါတယ်။
2025-03-03
သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် မရမ်းချိုရွာ သစ်ထုတ်လုပ်ရေးစခန်းက ဆင်အကောင်ရေ တစ်ရာကျော်နဲ့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းမိသားစု သုံးရာဝန်ကျင်း ငပုတောမြို့နယ် မြစ်တရာ သစ်ထုတ်လုပ်ရေးစခန်းကို အရေးပေါ်ပြောင်းရွှေ့နေပါတယ်။
2025-03-02
အမျိုးသား အယောက် ၁ဝဝ၊ အမျိုးသမီး ၁၃၆ ယောက်၊ ကလေး အယောက် ၂ဝဝ နယ်စပ်ကတစ်ဆင့် ထွက်ပြေးခိုလှုံလာကြတာလို့ ဆိုပါတယ်။
2025-03-02
၂၀၂၄ ခုနှစ်အတွင်း ထိုင်းဘတ်ငွေ စုစုပေါင်း ၇ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်းပေါင်း ၁၃၈၈ ခန်းကို မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
2025-03-02
တရားခံကို မမိသေးတာကြောင့် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးစစ်ဆေးခံရမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
2025-03-02
လမ်းအသုံးပြုသွားလာခွင့်ကို ရက်ပိုင်းအတွင်းသာ ကန့်သတ်ထားတာဖြစ်ပြီး သွားလာနိုင်တဲ့အခြေအနေရှိရင် ထပ်မံကြေညာသွားမယ်လို့လည်း ပြောပါတယ်။
2025-03-02
ရုရှားသမ္မတ ပူတင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံမယ်လို့ ကရင်မလင်ကလာတဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2025-03-02
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ဒေသတွေမှာ မြေမြှုပ်မိုင်းကြောင့် ဖေဖော်ဝါရီလ တစ်လအတွင်း ခြောက်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။