သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-03
ပုလောမြို့နယ်၊ ပလမြို့ ရဲစခန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ အမှတ် ၃ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-09-03
နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ပြီးမှ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။
2023-09-03
မုန်းမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာ ၂၆ ရွာက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
2023-09-02
ခင်ဦးမြို့နယ် ရှားတောရွာနဲ့ ငါးရုံကြီးရွာတို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2023-09-02
အာဏာသိမ်း စစ်ကောင်စီ ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံလေတပ်အကြီးအကဲများ ညီလာခံကို ဖျက်သိမ်းပေးဖို့ Justice For Myanmar အဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
2023-09-02
CDM လုပ်ချင်တဲ့ စစ်ကောင်စီ တပ်သား၊ ရဲ၊ ပြည်ထဲရေး ဝန်ထမ်း အရာရှိတွေ အမြန်ဆုံး ဆက်သွယ်ကြဖို့ KNPP က ထုတ်ပြန်လိုက်ပါတယ်။
2023-09-02
စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့ပါတယ်။
2023-09-02
စဉ့်ကူးမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ရွာသာယာရွာက ဒေသခံ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-09-02
ချောင်းဦးမြို့ ဈေးထဲမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံထိမှန်ပြီး အရပ်သား တစ်ဦးသေဆုံးခဲ့ပါတယ်။
2023-09-01
မြန်မာစစ်တပ်ဟာ နိုင်ငံတကာက အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ Cluster ဗုံးကို အသုံးပြုနေတဲ့အတွက် ချက်ချင်းရပ်တန့်ဖို့ Cluster ဗုံးနဲ့ လက်နက်တွေ တားဆီးပိတ်ပင်ရေး လှုပ်ရှားနေတဲ့ Cluster Munition Coalition (CMC) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2023-09-01
စစ်ကိုင်းတိုင်းမှာ ဩဂုတ်လအတွင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးသတ်ဖြတ်တာကြောင့် အရပ်သား ၄၅ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2023-09-01
UOB ဘဏ်ဟာ မြန်မာနိုင်ငံက ဘဏ်အကောင့်တွေဆီ ငွေအသွင်းအထုတ် အားလုံးကို ကန့်သတ်တော့မှာဖြစ်ပြီး အကြွေးဝယ်ကဒ်တွေဖြစ်တဲ့ Visa နဲ့ Mastercard တွေ မြန်မာနိုင်ငံမှာ အသုံးပြုမှုအတွက်လည်း ဝန်ဆောင်မှုပေးမှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။
2023-09-01
မိုးမောက်မြို့နယ်မှာ လူငယ်နှစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခံရပြီး၊ နောက်တစ်ဦးက ဖမ်းဆီးခံထားရစဉ် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-09-01
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်ရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေလို့ ရွာရှစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-09-01
ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမှာ ဩဂုတ် ၃၁ ရက်နေ့က စစ်တပ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။