သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-24
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် မွတ်စလင်ဒုက္ခသည်စခန်းမှာ မနေ့ကညနေပိုင်းက မီးလောင်မှုဖြစ်ပွား ခဲ့ရာမှာ ၈ ခန်းတွဲ အဆောင် ၁၀ လုံး စုစုပေါင်း အခန်းပေါင်း ၈၀ မီးလောင်ကျွမ်းသွားပါတယ်။
2015-01-23
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သာသနာပြုနေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အသျှင်ဇိနရက္ခိ တက ရခိုင် အမျိုးသမီးများအစည်းအရုံး ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စောမြ ရာဇာလင်းကို ဇိနရက္ခိတ ငြိမ်းချမ်းရေးဆု မနေ့က ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။
2015-01-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် အဖွဲ့နဲ့ တိုင်းရင်းသားပါတီအသီးသီးက လူငယ်တွေ ပူးပေါင်းပြီး လာမယ့်ဖေဖော် ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ဂုဏ်ပြုပွဲကို ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
2015-01-23
ကျောင်းသားတွေရဲ့အမျိုးသားပညာရေး ဥပဒေသပိတ်ကို လူထုလူတန်းစား အလွှာ အသီးသီးက ထောက်ခံလက်တွဲပါဝင်ဖို့ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပန်ကြားချက် ၄ စောင် ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2015-01-23
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံအဖြစ် ပြောင်းလဲခေါ်ဝေါ်ဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2015-01-23
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ် က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကြောင့် ရပ်နားထားတဲ့ စစ်တွေ - ရေချမ်းပြင် ရထားလမ်းပိုင်းကို ရထားပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဒီနေ့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။
2015-01-23
တနင်္သာရီတိုင်းဒေသကြီးမှာ မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်နဲ့ သတ်မှတ်ကောက် ယူဖို့ ဒေသခံတစ်ထောင်ကျော်က ဒီနေ့ ထားဝယ်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-01-23
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း ကြူကုတ်မြို့ ကောင်းခါးကျေးရွာမှာ အဓမ္မပြု အသတ်ခံခဲ့ရတဲ့ ကျောင်း ဆရာမနှစ်ဦးကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဂျော်ဘွမ် ကချင်နှစ်ခြင်း ခရစ်ယာန်သချုႋင်းမှာ ဒီနေ့ သြင်္ဂိုဟ်ခဲ့ပြီး လူပေါင်းတစ်သောင်းလောက်က လိုက်ပါပို့ဆောင်ပေးခဲ့ ပါတယ်။
2015-01-23
အောင်ဆန်းမျိုးဆက်ဆိုတာ စွန့်လွှတ် အနစ်နာခံပြီး အများအတွက်အကျိုးပြုနိုင်တဲ့ စိတ်ဓာတ်ရှိသူတွေကို ဆိုလိုတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောပါတယ်။
2015-01-23
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသ ကြီး၊ ပေါင်းတည်မြို့ပန်းခြံမှာ ဗိုလ်ချုပ်ကြေး ရုပ် ထားခွင့်တင်တာကို ပေါင်းတည်မြို့ အကျဉ်းဦးစီးဌာနက ပယ်ချလိုက်ပါတယ်။
2015-01-23
မိကျောင်းကန်သပိတ်ကို အားပေးကူညီတဲ့ အတွက် ထိန်းသိမ်းခံထားရတဲ့ ကိုဝေဠု က မြန်မာနိုင်ငံက တရားစီရင်ရေးဟာ လွတ်လပ်မှုမရှိပဲ ချုပ်ကိုင်ချယ်လှယ်သူတွေ ရှိနေတဲ့အတွက် ၊ နောက်ထပ် တရားရုံး ရုံးချိန်းတွေကို လာရောက်တော့မှာ မဟုတ်တော့ဘဲ ထောင်ထဲမှာပဲနေပြီး တရားရုံးကို သပိတ်မှောက်မယ်လို့ ပြောလိုက်ပါတယ်။
2015-01-23
မြန်မာဗုဒ္ဓဘာသာဘုန်းကြီး ဦးဝီရသူ က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အပေါ် ရိုင်းပြ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်မယ်လို့ မြန်မာအစိုးရဘက် က ပြောဆိုကြောင်း၊ ဒါပေမဲ့ အရေးယူလို့တော့ ရနိုင်ဖွယ် မရှိကြောင်း အရိပ်အမြွက်ပြောဆိုကြောင်း AFP သတင်း က ဖော်ပြပါတယ်။
2015-01-23
မြန်မာနိုင်ငံက လွှတ်တော်တွေမှာ တင်ပြဆွေးနွေးနေတဲ့ လူမျိုးဘာသာဆိုင်ရာ ဥပဒေကြမ်းတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ် ချကြောင်း USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံတ ကာ ဘာသာရေး လွတ်လပ်ခွင့်ကော်မရှင်က ဇန်နဝါရီ ၂၂ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2015-01-23
၂ဝ၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တကယ် အထောက်အကူပြုမယ့်နှစ် ဟုတ်မဟုတ် ဆိုတဲ့ခေါင်းစဉ် နဲ့ ဟောပြောပွဲတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က National Endowment for Democracy ( NED ) အဖွဲ့ရဲ့ရုံးချုပ်မှာ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေး သိပ္ပံကျောင်း တည်ထောင်သူ တစ်ဦးဖြစ်သူ မဇင်မာအောင် က ကြာသပတေးနေ့က ဟောပြောခဲ့ပါတယ်။
2015-01-22
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာမှာ ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ တင်ပြသွားမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။