သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-31
ထီးချိုင့်မြို့နယ်၊ အလယ်တောရွာမှာ ၄၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် မနန်းရတီဦးနဲ့ သူ့ရဲ့မိခင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် မမိငယ်တို့ သေဆုံးသွားပါတယ်။
2023-03-30
ပျော်ရွှင်ရတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ တင်ခွင့်ရှိပေမယ့် နိုင်ငံအနှံ့ရှိနေတဲ့ အိုးပစ်အိမ်ပစ်ရသူတွေ၊ သေကွဲရှင်ကွဲ ကွဲကွာရသူတွေ၊ ရွာတွေမီးရှို့ခံနေရတာတွေကို ကိုယ်ချင်းစာစိတ်နဲ့ မိမိအပျော်ကို လူထုကို မတင်ပြဘဲ တိတ်တိတ်လေးပျော်ဖို့ တိုက်တွန်းတာလို့ ဆိုပါတယ်။
2023-03-30
မြောင်ပြည်သူ့တပ်မတော် (Myaung Union Army) စစ်ကိုင်းခရိုင်တပ်ရင်း (၁) ဒုတပ်ရင်းမှူး ကိုဆင်ရိုင်း (ခေါ်) ကိုဝေဖြိုးလျှံကို စစ်ကောင်စီတပ်က အရှင်လတ်လတ် ခေါင်းဖြတ်သတ်သွားတယ်လို့ ဒီအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
2023-03-30
ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်ကို အားလျော့စေဖို့ ဘယ်လိုကြိုးပမ်းချက်မဆို ပြဿနာပိုကြီးထွားရုံပဲရှိမယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။
2023-03-30
မတ်လ ၂၈ ရက်နေ့ မနက် ၇ နာရီခန့်က အင်အား ၂၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ စလင်းပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် မီးရှို့ခံခဲ့ရတာလို့ ပြောပါတယ်။
2023-03-30
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ဆတ်ပြေးနဲ့ ညောင်ပင်သာရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှိုခဲ့ပါတယ်။
2023-03-30
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး မတ်လ ၂၉ ရက်နေ့က ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-30
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုများလာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို သတိပေးလိုက်ပါတယ်။
2023-03-30
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို မတရားအသင်းကြေညာထားတဲ့ လက်နက်ကိုင်၊ အကြမ်းဖက်အဖွဲ့တွေနဲ့ မပတ်သက်ဖို့သတိပေးခဲ့တယ်လို့ RFA ကိုပြောပါတယ်။
2023-03-30
ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ခွာဖိုး ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်နေ့ ဒီနေ့မနက် ၁၀ နာရီမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။
2023-03-29
လေတပ်စခန်းနားမှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ အသံတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေ ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောပါတယ်။
2023-03-29
ဒါဟာ မြန်မာလူထုရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထိပါးတာပဲလို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောကြားပါတယ်။
2023-03-29
တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှု မရှိတဲ့အပြင် လူထုကိုယ်စားပြုမှုလည်း မရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
2023-03-29
ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူ ဒုက္ခသည် စခန်းအနီးမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-03-29
ပင်လောင်းမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ဖျားနာသူတွေ ပိုများလာတာကြောင့် ဆေးဝါးတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။