သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-06
အင်းတော်မြို့မှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ဆရာမ သုံးဦး အပါအဝင် အရပ်သား ၂၂ ဦး ဖမ်းဆီးခံရပြီး မနေ့က သုံးဦး ပြန်လွတ်လာပါတယ်။
2023-03-05
မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေနှစ်ထောင်ကျော်ဆုံးရှုံးခဲ့ပြီး လူဦးရေ နှစ်ရာလောက် ပျောက်ဆုံးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2023-03-05
စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦတွေလည်း မီးလောင်ကျွမ်းပြီး မီးဘေးဒုက္ခသည် တစ်သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။
2023-03-05
ခမောက်ကြီးမြို့၊ ဝိုင်ဒင်းရွာအနီးမှာ မတ်လ ၄ ရက်က စစ်ကောင်စီတပ်နဲ့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးခဲ့ပါတယ်။
2023-03-05
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို မတ်လ ၄ ရက်နေ့ မနက် ၅နာရီကျော်မှ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၃၀ အရွယ် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-05
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား ၃၉၄ ဦး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2023-03-05
မြောက်နုံးရွာကို စစ်ကောင်စီတပ် မတ်လ ၃ ရက်မှာ ဝင်ရောက်စီးနင်းပြီး ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ် ၁၅၀ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
2023-03-05
ကျောက်ကြီးမြို့နယ်၊ သာစည်ရွာအနီးမှာ မတ်လ ၃ ရက် ညနေပိုင်းက မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-03-05
နတ်မောက်မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်ကို အမည်မသိ လက်နက်ကိုင်လူတစ်စု ပစ်ခတ်ခဲ့တာကြောင့် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-04
မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာမှု အကူအညီ လိုအပ်မှုတွေ မြင့်တက်လာနေပြီး အကူအညီရောက်ရှိ ဆောင်ရွက်နိုင်ရေး အခြေအနေတွေလည်း ပိုမိုဆိုးဝါးလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှုးရုံး UNOCHA က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-03-04
အာဏာသိမ်းစစ်ကောင်စီကို နည်းပညာပိုင်း အဓိက ကူညီပံ့ပိုးနေတဲ့ နောင်ရိုးကုမ္ပဏီ၊ FISCA ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနတို့ကို အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။
2023-03-04
ကန့်ဘလူမြို့နယ် အောက်တဲရွာနဲ့ ပင့်သာရွာကို မတ်လ ၃ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမှုကြောင့် အရပ်သား သုံးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-03-04
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ အောက်ကျောက်ဝပ်ရွာက ဒေသခံ ၈၀၀ နီးပါးက လက်ရှိမှာ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-03-04
အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ခင်မွန်ရွာကို အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ မတ်လ ၃ ရက်နေ့က လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
2023-03-04
မတ်လ ၄ ရက်နေ့ မနက်က ဒို့ညီနောင်ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ပြီး မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံအပါအဝင် ခရီးသည်သုံးဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။