သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-03-03
မြန်မာစစ်အာဏာရှင်တွေဟာ အရပ်သားပြည်သူတွေကို သူတို့ရဲ့ ရန်သူအဖြစ်သဘောထားနေကြပြီး ရန်ပြုနေကြောင်း ပြည်သူတွေအနေနဲ့ အသက်ရှင်ဖို့တောင် ခက်ခဲတဲ့အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk က ပြောကြားလိုက်တယ်။
2023-03-03
ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီဆောင်ရွက်မှုတွေထဲမှာ အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ ဥပဒေမဲ့ဖမ်းဆီးမှု၊ နှိပ်စက်မှု၊ အဓမ္မရွေ့ပြောင်းမှု၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီးအရေးယူမှု စတာတွေကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။
2023-03-03
နေအိမ် ၃ဝဝ နီးပါးရှိတဲ့ မြောက်နုံးရွာ ပြာကျသွားပြီလို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။
2023-03-03
အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်ပဋိပက္ခတွေ ပိုဆိုးမလာစေချင်တဲ့အတွက် စစ်လက်နက်ပစ္စည်း အကူအညီပေးအပ်ဖို့ မရှိသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် (Derak Chollet) က ပြောပါတယ်။
2023-03-03
NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင် သုံးဦးကို ပါတီဝင်အဖြစ်က အပြီးအပိုင်ထုတ်ပယ်လိုက်ပါတယ်။
2023-03-03
မတ်လ ၂ ရက်နေ့က အရပ်သား ၁၄ ဦး သတ်ဖြတ်ခံထားရတဲ့ မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ် မှာပဲ ရုပ်အလောင်းတွေ ထပ်တွေ့ခဲ့ရတာလို့ ပြောပါတယ်။
2023-03-03
ရခိုင်ပြည်နယ်မှာ ဆောက်လုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း သုံးခုကို တရုတ် ကုမ္ပဏီတွေနဲ့ နေပြည်တော်မှာ သဘောတူညီမှု စာချုပ်ချုပ်ခဲ့ပါတယ်။
2023-03-03
ဘုတလင်မြို့မဈေးနဲ့ ကားဂိတ်ဆိုင်ခန်းတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဆိုင်ခန်း ၁၈ ခန်း မီးလောင်ဆုံးရှုံးသွားပါတယ်။
2023-03-03
ခင်မွန်ရွာက အိမ်ခြေ ၁၅၀၀ လောက်ရှိတဲ့ရွာကြီးဖြစ်ပြီး လက်ရှိမှာ နေအိမ် ၁၀ လုံးလောက် မီးရှို့ခံထားရသလို ရွာက ဒေသခံခြောက်ထောင်လောက်လည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-03-03
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ကျီးကန်တောင်ရွာနဲ့ ကျီးကန်မြောက်ရွာမှာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းမီးရှို့ခံခဲ့ရပြီးနောက် ရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်လောင်း ခုနစ်လောင်းကို မတ်လ ၃ ရက် ဒီနေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-03-03
အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်က ကလေးငယ်တွေနဲ့ မိန်းကလေးတွေပါမကျန် ရွာထဲကလူအားလုံးကို အိမ်ပြင်ထွက်ခိုင်းပြီး အဲဒီအထဲက လူပေါင်း ၁၃၀ ကျော်ကို ဖမ်းဆီးသွားတာပါ။
2023-03-03
ရှမ်းပြည်နယ်တောင်ပိုင်း ပလောင်မြို့နယ် တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည် ခြောက်ထောင်ဝန်းကျင်အထိ ရှိလာပါတယ်။
2023-03-03
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ သုံးရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
2023-03-02
မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ ချင်းဒုက္ခသည်တစ်ဦး သေဆုံးမှုကို အမှန်တရားဖော်ဆောင်ပေးဖို့နဲ့ ထိန်းသိမ်းခံအားလုံးကို လွှတ်ပေးဖို့အပါအဝင် အချက်လေးချက်ကို အရပ်ဖက်အဖွဲ့ တစ်ရာနီးပါးက ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
2023-03-02
"ပြည်တွင်းရေးဝင်မစွက်ဘူး" ဆိုတာဟာ ဥပေက္ခာပြုထားဖို့ လိုင်စင်ထုတ်ပေးထားတာ မဟုတ်ဘူးလို့ သူယုံကြည်ကြောင်းလည်း ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောပါတယ်။