သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-27
KNU တပ်မဟာ-၆ နယ်မြေ စုကလိမြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒေသခံ လေးထောင်ကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
2023-02-27
မင်းတပ်မြို့နယ်၊ အမ်လောင်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လေးဦး သေဆုံးခဲ့ပါတယ်။
2023-02-27
စစ်ကောင်စီတပ်ဟာ ကန်တော်ရွာမှ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ကို မီးရှို့ခဲ့တဲ့အပြင် လူလေးဦးကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-02-27
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ပြည်သူတွေဆက်အဖမ်းခံနေရမယ်ဆိုရင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ဦးခိုင်သုခက ပြောပါတယ်။
2023-02-27
အွန်လိုင်းကနေတစ်ဆင့် ရက်ချိန်းယူပြီး နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရတဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ပြန်ရပ်ဆိုင်းသွားတယ်လို့ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက RFA ကို ပြောပါတယ်။
2023-02-26
မြန်မာ့လူဦးရေတစ်သန်းကျော်ဟာ ရေကြီးမှုနဲ့မုန်တိုင်းဒဏ်ကြားနေထိုင်နေရပါတယ်။
2023-02-26
ကျီးကန်ရွာကို စစ်ကြောင်းဝင်ရောက်နေတာကြောင့် ရွာ ၁၉ ရွာက ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2023-02-26
အရာတော်နဲ့ မြင်းမူမြို့နယ်မှာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
2023-02-26
ကန့်ဘလူမြို့နယ်က သင်ပေါင်းကျင်းရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရှစ်တန်းကျောင်းသား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2023-02-26
စစ်တွေမြို့ကို ဖေဖော်ဝါရီ ၂၆ ရက် စစ်ကောင်စီဥက္ကဋ္ဌ လာရောက်ဖို့ရှိတာကြောင့် စျေးဆိုင်တွေအားလုံး ပိတ်ခိုင်းထားတယ်လို့ ပြောပါတယ်။
2023-02-26
ဖားကန့်မြို့နယ် ရှရော်ခရွာကို ထွက်ပြေးလာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဖေဖော်ဝါရီလ ၂၅ ရက်နောက်ဆုံးထား ပြောင်းရွှေ့ဖို့ ရွာလူကြီးတွေက ပြောပါတယ်။
2023-02-26
ထန်တလန်မြို့ကို စစ်ကောင်စီလေတပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။
2023-02-25
အမေရိကန် အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းပေါက်ဖြစ်တဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။
2023-02-25
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ စနေနေ့မနက်က တိုက်ပွဲတွေ ထပ်ပြီးဖြစ်ပွားခဲ့တာကြောင့် နယ်စပ်ခြံစည်းရိုးတလျှောက် လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
2023-02-25
NLD ပါတီရဲ့ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားပါတယ်။