သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-25
မြင်းမူမြို့နယ်ထဲကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခဲ့တာကြောင့် ရွာငါးရွာက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-02-25
ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေရဲ့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ဈေးနဲ့ လဲလှယ်ပေးရမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-02-25
KSCU ရဲ့ ပထမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
2023-02-25
ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ရွာမှာ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်းလေးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-02-25
ဘုရားသုံးဆူမြို့ပေါ်မှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ခဲ့ပြီး ဘုရားသုံးဆူရဲစခန်း မီးရှို့ခံခဲ့ရပါတယ်။
2023-02-24
စစ်ကောင်စီနဲ့ အခုချိန်အထိ လက်တွဲအလုပ်လုပ်နေတဲ့ KNU ခေါင်းဆောင်တချို့ ရှိနေတယ်လို့ ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိပါတယ်။
2023-02-24
အရာတော်မြို့နယ်ကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာခြောက်ရွာက ဒေသခံ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
2023-02-24
ဆိပ်ဖြူမြို့နယ်မြောက်ပိုင်း ယောချောင်းအနီးတစ်ဝိုက်က ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် ရွာခုနစ်ရွာက အရပ်သား ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2023-02-24
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝင်းအတွင်းမှာရှိတဲ့ လမ်းဘေးဆိုင်ခန်းပေါင်း နှစ်ရာကျော်ဟာ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၄ ရက် ဒီနေ့မှာ အင်အားသုံးဖြိုဖျက်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-02-24
ပျဉ်းမနားနဲ့ လယ်ဝေးမြို့နယ်အစပ် အရှေ့ဘက် တောင်ကြောပေါ်က အမှတ် ၂၀၃၁ လေကြောင်းရန် ကာကွယ်ရေးတပ်ကို တာဝေးပစ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2023-02-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တစ်ထောင်ကျော်ကို ပြန်လည်လက်ခံနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
2023-02-24
ဖားကန့်အချုပ်ထောင်ထဲကနေ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မဇွပ်ယန်ရွာထဲက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-02-24
ယင်းမာပင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာတချို့ မီးရှို့ခံရတာကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရွာခုနစ်ရွာလောက်က ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးနေရပါတယ်။
2023-02-23
အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာဝင်တွေအပေါ် ဖိနှိပ်အကြမ်းဖက်တာတွေ ရပ်ဖို့လည်း အမေရိကန်က ထပ်မံတောင်းဆိုလိုက်ပါတယ်။
2023-02-23
ဖေဖော်ဝါရီလ ၂၂ ရက်နေ့လယ်က ကော့ဘဇားခရိုင် ဘာလုခါလီ-၈ ဒုက္ခသည်စခန်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာ ကျောင်းသူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတွင်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။