သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-27
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စိုက်ပျိုးရေးနဲ့ သတ္တုထုတ်ကုန်တွေ တရုတ်ပြည်ဘက် သယ်ယူရာမှာ အသုံးပြုနေကြတဲ့ ယာဉ်အဝင်အထွက် စာရင်းတွေကို ဥပဒေနဲ့အညီစိစစ်ဖို့ ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်။
2017-04-27
ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ လူသား ချင်းစာနာထောက်ထားမှု၊ အသက်မွေး ဝမ်းကျောင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေအတွက် ပြင်သစ်နိုင်ငံက ယူရိုငွေ ၇ သိန်းကိုပေးအပ်သွားမယ် လို့ ပြင်သစ်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
2017-04-27
YBS အဆိုကိုဆုံးဖြတ်မယ့် ဒီနေ့ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ကို မတက်ရောက်နိုင်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခွင့်တိုင်ကြားခဲ့တဲ့အတွက် မတက်ရောက်နိုင် ခဲ့ပါဘူး။
2017-04-26
ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ညောင်တုန်းမြို့နယ်မှာ ငါးမွေးဖို့အတွက် ကန်ဘောင်တွေ လုပ်ကိုင်နေတာကို ဒေသခံတွေ ကန့်ကွက်နေတဲ့အတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံးက စစ်ဆေး မှုတွေ ဆောင်ရွက်မယ်လို့ ပြောပါတယ်။
2017-04-26
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ဒေသခံ ကမန်တိုင်ရင်းသားတွေဟာ ဘိုးဘွားပိုင် မူလပိုင်မြေနေရာမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေးနဲ့ ကမန် တိုင်းရင်းသားတွေကို ရန်ကုန်မြို့မှာ နေထိုင်နိုင်အောင် အစိုးရအနေနဲ့ စီစဉ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2017-04-26
မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များ အသင်းက အဖွဲ့ဝင်သတင်းထောက်တွေ အနေနဲ့ ငွေကြေးရယူပြီး သတင်းရေးသားမှု နဲ့ သတင်းထိန်ချန်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားစာတွေ ရှိလာတာကြောင့် စိစစ်အရေးယူပေးဖို့ သတင်းမီဒီ ယာကောင်စီက နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေဝန်ကြီး ဌာနထံ မနေ့က ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့လိုက် ပါတယ်။
2017-04-26
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်က စံပယ်တောင်နဲ့ ကြေး စင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေ ၂၃၀၀ ကျော် အတွက် လျော်ကြေးပေးဖို့ ဒေသခံတောင် သူတွေက စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို သွားရောက်ဆန္ဒပြခဲ့ကြ ပါတယ်။
2017-04-26
စစ်ကိုင်းပညာရေးကောလိပ်မှာ ကျင့်သုံးနေတဲ့ ကျောင်းအုပ်ချုပ်မှုစနစ်ကို ကန့်ကွက်ကြောင်း မန္တလေးမြို့ အဆင့်မြင့် ပညာဦးစီးဌာ(အထက်မြန်မာပြည်) ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2017-04-25
အိန္ဒိယနိုင်ငံဆီက ဆေးဝါးနဲ့ ပတ်သက်တဲ့ အကူအညီတွေရရှိဖို့ မြန်မာနဲ့ အာဖဂန် နစ္စတန်ရဲ့ အဆိုပြုချက်တွေကို အိန္ဒိယ အစိုးရက စဉ်းစားနေပါတယ်။
2017-04-25
ရှမ်းပြည်နယ် မန်တုံမြို့နယ်မှာ မူးယစ်ဆေး ဝါးရောင်းဝယ်ဖောက်ကားတာတွေနဲ့ သုံးစွဲ သူတွေများလာတာကြောင့် ဒေသခံ ၇၀၀ လောက်က မူးယစ်ဆေးကာကွယ်တိုက်ဖျက်ပေးဖို့ ဒီ ကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-04-25
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ ဗီဇာရရှိပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားဖို့ သတ်မှတ် ထားတာကို ရက် ၆၀ အထိ တိုးမြှင့်ပေးဖို့အတွက် ထိုင်း အလုပ်သမားရေးရာဝန်ကြီးဌာနကို စာတင်တောင်းဆို ဖို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြင် ဆင်နေပါတယ်။
2017-04-25
ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေ ယာတွေရဲ့ ငှားရမ်းခနှုန်းထားဟာ ခေတ် ကာလ ပေါက်ဈေးနဲ့ ကွာခြားနေပြီး တိုင်းပြည်အတွက် ဝင်ငွေနဲ့ အခွန်အခတွေ နစ်နာနေရတယ်လို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တေ်ာ ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် က ပြောပါတယ်။
2017-04-25
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်က မနောကွင်းမှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေက ကချင်တိုင်းရင်း သားတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-04-25
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း ထဲက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ရုံးခန်းနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီး ရုံးခန်းတွေကို ပြီးခဲ့တဲ့ သြင်္ကန်ရုံး ပိတ်ရက်အတွင်းမှာ ဖောက်ထွင်းခံခဲ့ရပါတယ်။
2017-04-25
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၃ ဦးကို ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းလိုက်ပါတယ်။