သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-29
ရသေ့တောင်မြို့နယ်က ဆားပြင်ကြီးရွာကို စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-08-29
စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းရေးမှာ ပါဝင်တဲ့ ဘယ်သူ့ကိုမဆို အရေးယူသွားမယ်လို့ (NMSP-AD) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2024-08-29
စစ်ကောင်စီဟာ ပြင်သစ်နိုင်ငံထုတ် ခရီးသည်တင်လေယာဉ် (ATR) အနည်းဆုံးဆယ်စီးကို စစ်ရာဇဝတ်မှုကျူးလွန်နေပါတယ်။
2024-08-29
ကြည့်မြင့်တိုင်၊ အလုံ၊ သန်လျင်၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွေမှာ ငါးရက်အတွင်း လူငယ်သုံးဆယ်နီးပါး ဖမ်းဆီးခံထားရပါတယ်။
2024-08-29
မန္တလေးတိုင်း တံတားဦးနဲ့ ပြည်ကြီးတံခွန်မြို့ပေါ် ရပ်ကွက်တွေမှာ နှစ်ရက်အတွင်း လူငယ် နှစ်ဆယ်ဦးခန့်ကို စစ်မှုထမ်းဖို့ အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-29
စော်ဘွားရေရှင်ရွာမှာရှိတဲ့ (NUG) လက်အောက်ခံဆေးခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဒေသခံလေးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-08-29
မြဝတီမြို့နယ်ထဲက ကျားဖျန့်ငွေလိမ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ဦး လွတ်မြောက်ခဲ့လာပါတယ်။
2024-08-29
ပူတာအိုမှာ ဆေးဝါး၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေတာ ခြောက်လနီးပါးရှိလာပါတယ်။
2024-08-29
စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန် ဒေါ်လာစျေးဟာ တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၅,၇၀၀ ဝန်းကျင်ရှိနေပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ်သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျဆင်းလာပါတယ်။
2024-08-29
အိမ်ခြေနှစ်ရာခန့်ရှိတဲ့ ရေငံရွာက နေအိမ် တစ်ရာခန့်နဲ့ အိမ်ခြေ တစ်ရာကျော်ရှိတဲ့ အုတ်ဖိုစုရွာက နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
2024-08-29
ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားတွေကို ဩဂုတ် နောက်ဆုံးပတ်ကစပြီး ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် စာရင်းစကောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-08-29
မြန်မာနိုင်ငံက စက်ရုံအလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကတစ်ဆင့် ကောက်ခံနေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေက (ILO) ထံ တောင်းဆိုလိုက်ပါတယ်။
2024-08-29
သံလွင်နဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ပဲခူးတိုင်း တောင်ငူ၊ မဒေါက်နဲ့ ကရင်ပြည်နယ် ဘားအံမြို့နယ်တွေမှာ မြစ်ရေကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ပါတယ်။
2024-08-28
ဒီသတင်းသမားနှစ်ဦးကို နှစ်ရှည်ပြစ်ဒဏ်တွေချမှတ်တာဟာ အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်ဖြစ်ပြီး သတင်းသမားတွေကြား အကြောက်တရားလွှမ်းမိုးအောင် ရည်ရွယ်တာဖြစ်တယ်လို့ CPJ ရဲ့ အကြီးတန်းကိုယ်စားလှယ်က ပြောပါတယ်။
2024-08-28
ဒီလိုတွေ့ဆုံချိန်မှာ တရားမဝင် ဓာတုမူးယစ်ဆေးဝါး စီးဆင်းနေတာလျှော့ချဖို့ နောက်ထပ်ဆောင်ရွက်မဲ့ ကိစ္စရပ်ကို ဆွေးနွေးခဲ့ပါတယ်။