သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-11-25
မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမား ၂၅ ယောက်လောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ နှလုံးလှပရဟိတ လူငယ်အဖွဲ့ကနေ သိရပါတယ်။
2018-11-25
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နားလော့ကျေးရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံရွာသား ၃ ဦး သေဆုံးတာဟာ RCSS က ပစ်ခတ်ခဲ့တာ မဟုတ်ကြောင်း RCSS အဖွဲ့ပိုင် Tai Freedom Facebook စာမျက်နှာကနေ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-11-25
ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးတာ၊ လက်ထောက်ကျောင်း ဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်နေတာတွေကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ သံဃာတော်တွေနဲ့ ဒေသခံ ၂၀၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-11-25
နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ ရက်တာ လှုပ်ရှားမှု ဒီနေ့ စတင်ရာမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သူတွေကို တပ်မတော်က အပြစ်ပေးအရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံမှာ မုဒိမ်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း အမျိုးသမီးအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။
2018-11-25
ဝီရသူ ဖောင်ဒေးရှင်းက ဦးဆောင်တည်ဆောက်နေတဲ့ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း ဆောက်လုပ်ခွင့်ကို ဒေသအာဏာပိုင်တွေက အခုချိန်ထိ မချပေးတာဟာ တရားမျှတမှုမရှိဘူးလို့ ဦးဝီရသူက ဒီနေ့ မိန့်လိုက်ပါတယ်။
2018-11-25
မြဝတီသတင်းစာမှာ UWSA "ဝ" အကြမ်းဖက်သောင်းကျန်းသူအဖွဲ့လို့ ရေးသားဖော်ပြခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မြဝတီသတင်းဌာနတွေကို ကန့်ကွက်စာပေးပို့ထားပေမယ့် ဒီနေ့အထိ တုံ့ပြန်မှု မရှိသေးဘူးလို့ "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။
2018-11-24
ရန်ကုန် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းကနေ ဒလဘက်ခြမ်းကို ဆက်သွယ်မယ့် မြစ်ကူးတံတားစီမံကိန်းကို Asia World ကုမ္ပဏီ၊ မြန်မာ့စက်မှု ဆိပ်ကမ်းနဲ့၊ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တွေက ကန့်ကွက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
2018-11-24
ချင်းလူမျိုး ဒုက္ခသည်တွေကို ၂၀၂၀ ခုနှစ်ကစပြီး ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့်ပြုထားတာကို ရပ်ဆိုင်းမယ့် UNHCR ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်းနဲ့ ချင်းလူမျိုးဒုက္ခသည်တွေရဲ့ စိတ်ဆန္ဒကိုသာ လိုက်လျောပေးသင့်ကြောင်း ချင်းတိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
2018-11-24
ဝန်ကြီးချုပ် ၄ ဦးနဲ့ ဝန်ကြီးတချို့ အနားပေးမယ်ဆိုတဲ့ The Speaker ဂျာနယ်ရဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာကြောင့် လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့ ကောင်စီ မှာ ကြားနာသွားမယ်လို့ ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
2018-11-24
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ဒီဇင်ဘာလဆန်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2018-11-24
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ် မအောင်မြင်သေးတာကို ရုရှားနိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး က ပြောလိုက်ပါတယ်။
2018-11-24
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရွက်ချက်တွေကို ကရင်လူငယ်တွေက ယုံကြည်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကျရာနေရာကနေ ပံ့ပိုးဆောင်ရွက်သွားမယ့်လို့ ကရင်လူငယ် နှီးနှောဖလှယ်ပွဲက ထုတ်ပြန်လိုက်ပါတယ်။
2018-11-23
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂရုံးက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-11-23
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်မယ့် အခြေအနေတွေကို မြန်မာအစိုးရဘက်က ဖန်တီးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-11-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ကျောက္ကလပ်ကျေးရွာအုပ်စုမှာရှိတဲ့ ဂျိုင်သာ-ပုန်းညှက်ကျေးရွာကို အခုနိုဝင်ဘာလ ၃၀ ရက်နေ့မှာ အပြီးသတ်ပြောင်းရွှေ့ဖယ်ရှားဖို့ တပ်မတော်က အကြောင်းကြား လာတဲ့ကိစ္စကို အစိုးရက ပြေလည်အောင်ဖြေရှင်းပေးဖို့ ရွာသားတွေက အဲဒီရွာမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။