သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-01
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ Nikkei Asia သတင်းဌာနကို ပြောဆိုခဲ့ခြင်း မရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် တုံ့ပြန်လိုက်ပါတယ်။
2023-12-01
ကယားပြည်နယ်(ကရင်နီပြည်) လွိုင်ကော်မြို့ က စစ်ကောင်စီတပ်စခန်း ခလရ - ၅၄ တပ်စွဲထားတဲ့ လက်နက်ခဲယမ်းတိုက်ကို Loikaw PDF နဲ့ Falcon Wings တို့ ပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2023-12-01
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် မြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁ ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2023-12-01
မိုးညှင်း ရွှေငြိမ်းချမ်း ရွှေမှော်အနီးက အင်အား ငါးဆယ်ခန့်ရှိတဲ့ တပ်စခန်းတစ်ခုနဲ့ ရွှေကူမြို့နယ် မြို့လှမြို့၊ အောင်ချမ်းသာရွာက အင်အား သုံးဆယ် ဝန်းကျင်ရှိတဲ့ တပ်စခန်းတစ်ခုတို့ကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
2023-12-01
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေကနေ ကယ်တင်ထားတဲ့ မလေးရှား နိုင်ငံသားတွေထဲက ၁၂၁ ယောက်ကို တရုတ်နိုင်ငံ ကူမင်းမြို့ကနေတစ်ဆင့် မလေးရှားနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ South China Morning Post သတင်းမှာ ဖော်ပြပါတယ်။
2023-12-01
သီပေါ-လားရှိုးလမ်းပေါ်က စဉ့်အင်တံတား ကင်စခန်းနဲ့ မူဆယ်-ကွတ်ခိုင်လမ်းပေါ်က နမ့်ပေါ်တံတား ကင်းစခန်းတွေကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
2023-12-01
ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းတွေ ကာလရှည် ဖြတ်တောက်ခံထားရတဲ့အပြင် နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-12-01
နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ ခရီးစဉ်မှာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်ကတိုက်ပွဲတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-12-01
မုံရွာမြို့နယ် မင်္ဂလာကုန်းရွာအနီးမှာ နိုဝင်ဘာ ၂၉ ရက်က စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်အကြား တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ငါးဆယ်နီးပါးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။
2023-12-01
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်မှာ ဒီဇင်ဘာလ ၁ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲကြား ဒဏ်ရာရထားတဲ့ အရပ်သားတချို့ ပိတ်မိနေတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
2023-12-01
AA နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ် သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေက ဒေသခံ ရှစ်ဦးကို နိုဝင်ဘာ ၂၉ ရက်နေ့က သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကနေ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-01
စစ်တွေမှာ နိုဝင်ဘာလ ၃၀ ရက်ကစလို့ စက်သုံးဆီပြတ်လပ်လာပြီး ပြင်ပလက်လီရောင်းချတဲ့ စျေးကွက်မှာ စက်သုံးဆီ (အောက်တိန်း - 92 ) တစ်လီတာကို ကျပ်တစ်သောင်းကျော်ထိ စျေးပေါက်နေတယ်လို့ ပြောပါတယ်။
2023-11-30
အခုလို ဂျာမနီ အစိုးရရှေ့နေချုပ်က ဆုံးဖြတ်လိုက်တာကို အထူးစိတ်ပျက်တယ်လို့ Fortify Rights အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
2023-11-30
မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် သိမ်းဆည်းရရှိထားတယ်လို့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
2023-11-30
ခိုင်းစေတဲ့အတိုင်း အလုပ်လုပ်မပေးနိုင်သူတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓမ္မရောင်းခိုင်းတယ်လို့ Blue Dragon လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။