သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-04
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အိုကေကျေးရွာအုပ်စုမှာ ကြိုတင်မဲပေးဖို့ ဆန္ဒမဲလက်မှတ်တွေ ဖြန့်ဝေမှု မှားယွင်းနေတာကြောင့် မဲဆန္ဒရှင် အယောက် ၆၀ ကျော် ကြိုတင်မဲလက်မှတ်တွေ မှားယွင်းပြီးပေးမိခဲ့ကြပါတယ်။
2020-11-04
အသက် ၆၀ နှစ်ပြည့် ဆန္ဒမဲပေးမှုကိစ္စမှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံး မြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်အမတ်လောင်း ဦးဗိုလ်ထွေးက မောင်းမကန်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲကို ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ မောင်းမကန် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက နိုင်ငံရေးပါတီမဲရုံကိုယ်စားလှယ်တွေကို ရှင်းလင်းပြောဆိုလိုက်ပါတယ်။
2020-11-03
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုက မြို့နယ် သုံးရာနီးပါးမှာရှိတဲ့ မဲရုံ ၁၀၀၀ မှာ စောင့်ကြည့်လေ့လာရေးတွေလုပ်သွားမယ်လို့ ပြောပါတယ်။
2020-11-03
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကို ဒီနေ့ အွန်လိုင်းကနေတဆင့် ချုပ်ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။
2020-11-03
လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို သံသယရှိတယ်လို့ တပ်မတော်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ မှားယွင်းမှုတွေအပေါ် အစိုးရကကြီးကြပ်ဖို့ တာဝန်ရှိတယ်လို့လည်း တပ်မတော်က ထောက်ပြဝေဖန်လိုက်ပါတယ်။
2020-11-03
Facebook အင်တာနက် လူမှုကွန်ရက်က အစိုးရနဲ့ အာဏာရအဖွဲ့အစည်းကို ဝေဖန်ထောက်ပြတဲ့ Post တွေ၊ စာသားတွေ ဆင်ဆာဖြတ်ခံနေရတယ်လို့ ထင်ရှားတဲ့ ဥပဒေပညာရှင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ သတင်းမီဒီယာသမားတချို့က ကန့်ကွက်နေကြပါတယ်။
2020-11-03
၂၀၁၅ ရွေကောက်ပွဲတုန်းက ရခိုင်အမျိုးသားပါတီ ANP အနိုင်ရခဲ့တဲ့ မဲဆန္ဒတွေအားလုံးနီးပါးကို အခု ၂၀၂၀ ရွေးကောက်ပွဲမှာ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ဆုံးဖြတ်ချက်ဟာ ANP ပါတီကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းရာရောက်တယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲနဲ့ ပါတီကစာထုတ်ပြန် ဝေဖန်လိုက်ပါတယ်။
2020-11-03
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာက ဒေသခံ အမျိုးသား ခြောက်ဦးကို နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၂ နာရီလောက်က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2020-11-03
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူကို ရဲတပ်ဖွဲ့က အင်းစိန်အကျဉ်းထောင် ကို ဒီနေ့ ပို့ဆောင်လိုက်ပါပြီ။
2020-11-02
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီ အသက် ၆ဝ ကျော်သူတွေကို ကြိုတင်မဲပေးခွင့်ပြုပြီး မဲလက်မှတ်တွေ ကောက်ခံရယူနေရာမှာ စည်းကမ်းနဲ့မညီမှု၊ မဲမသမာမှုနဲ့ မဲလက်မှတ်ထည့်တဲ့ စာအိတ်မလုံမှုစတာတွေ ပေါ်ပေါက်နေပါတယ်။
2020-11-02
ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို တည်ဆဲအစိုးရက မှန်မှန်ကန်ကန် ကြပ်မတ်ဖို့ လိုအပ်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။
2020-11-02
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဦးဝီရသူဟာ နိုဝင်ဘာလ ၂ ရက် ဒီကနေ့မှာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။
2020-11-02
ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်း၊ ပျားသုန်း၊ ကမ်းထောင်းကြီး၊ ရေရှင်စတဲ့ရွာတွေက စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ဟာ စားဝတ်နေရေးပြတ်လပ်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က RFAကို ဒီနေ့ ပြောပါတယ်။
2020-11-02
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းမြောက်ရွာမှာ ရခိုင်အမျိုးသားပါတီ (ANP) အတွက် မဲရုံ ကိုယ်စားလှယ် သုံးဦးတို့ရဲ့ နေအိမ်တွေကို တပ်မတော်က မနေ့ ညနေပိုင်းက ဝင်ရောက်စစ်ဆေးခံခဲ့ရတယ်လို့ စစ်ဆေးခံရတဲ့အထဲ ပါဝင်သူတစ်ဦးက ပြောပါတယ်။
2020-11-02
ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ် အပါအဝင် ကျန်မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ရခိုင်အမျိုးသားပါတီကို ဖြိုခွင်းလိုက်သလို ဖြစ်နေတယ်လို့ ANP ပါတီက မနေ့က စာထုတ်ပြန်ပြောလိုက်ပါတယ်။