သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-26
ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်၊ မိုင်းပေါက်မြို့က ငွေလိမ်းဂိုဏ်းတစ်ခုမှာ ရောင်းစားခံထားရတဲ့ မြန်မာလူငယ် ၁၉ ဦးဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ဇန်နဝါရီ ၂၆ ရက်နေ့ထိ နည်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ပေး ညှဉ်းပန်းခံနေရတယ်လို့ ရောင်းစားခံရတဲ့အထဲမှာပါဝင်တဲ့ မြန်မာလူငယ်တစ်ဦးက RFA ကို ဆက်သွယ်ပြောဆိုပါတယ်။
2023-01-25
အကူအညီလိုအပ်နေသူတွေထဲ အမျိုးသမီးက ၅၂ ရာခိုင်နှုန်း၊ ကလေးက ၃၂ ရာခိုင်နှုန်းနဲ့ မသန်စွမ်းသူ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။
2023-01-25
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ကနေ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိ ၆၆ ရက်အတွင်း ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင် ၆၁ ဦးထပ်တိုးလာတဲ့အတွက် တစ်ရက်ကို တစ်ဦးနှုန်းနီးပါးဖမ်းဆီးခံနေရတာဖြစ်ပါတယ်။
2023-01-25
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရွာတွေဖြစ်တဲ့ ဇရွေးဂုံ၊ တောင်မြင့်၊ ကျားပြစ်ကန်၊ ပန်းတော်ကန် စတဲ့ ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက တိုက်ပွဲမရှိဘဲ အင်အားသုံး စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူ ၁၅ဝဝ ကျော်လောက် တောတွေထဲ ဝင်ရောက်ပုန်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2023-01-25
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ ၂ လမ်းသွယ်ထိပ်မှာ စစ်ကောင်စီတပ် ဗိုလ်မှူးဟောင်း ဦးကျော်မင်းသန်းနဲ့ ဇနီးဖြစ်သူ ဒေါ်စောမွန်မြတ်တို့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
2023-01-25
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မကျီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က အင်အားနှစ်ရာနီးပါးနဲ့ ဇန်နဝါရီလ ၂၄ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး အသက် ၄၀ အရွယ် ကိုမင်းမောင် အပါအဝင် အမျိုးသား လေးဦးကို ဖမ်းဆီး သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2023-01-25
မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ တင်သွင်းရောက်ရှိလာတယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ဇန်နဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
2023-01-25
ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဌာနချုပ်အပေါ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပျံဝဲခဲ့တာဟာ ရန်လိုတဲ့ အပြုအမူဖြစ်တယ်လို့ SSPP က ဝေဖန်ပြောဆိုပါတယ်။
2023-01-25
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျုံဒိုးမြို့ပေါ် နဲ့ ကျေးရွာတွေက ဒေသခံငါးထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ကျုံဒိုးမြို့ခံတွေက RFA ကို ပြောပါတယ်။
2023-01-25
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ဇန်နဝါရီလ ၂၄ ရက်ကစလို့ ဇန်နဝါရီလ ၂၅ ရက်အထိ ကျေးရွာ ၁၃ ရွာက အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2023-01-24
သတ်ဖြတ်ခံရသူဟာ အသက် ၃၀ အရွယ် မောင်နေထွန်းဆိုသူဖြစ်ပြီး စုန်းချောင်းမြောက်ဘက်က သံပုရာပင်ရုံရွာသား တစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
2023-01-24
မြန်မာဗိုလ်ချုပ်ကြီးတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေနဲ့ ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။
2023-01-24
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။
2023-01-24
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်ကစပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အားလုံးနီးပါးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ ရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။
2023-01-24
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က ဆန်ဝယ်ယူစုဆောင်းနေတာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ဒေသခံတွေ ဆန်ဝယ်လို့မရတော့ဘဲ စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။