သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-04
ဒေါက်တာအမ်ကောန်လဟာ လွတ်ရက်စေ့ဖို့ နှစ်နှစ်နီးပါး ကျန်နေသေးပေမဲ့ ဒီကနေ့ လွတ်လပ်ရေးနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်ပေးလိုက်တဲ့ လူ ၇ဝဝဝ ကျော်ထဲ ပါဝင်လာတာပါ။
2023-01-04
တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2023-01-04
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်စီးနင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာ ဇန်နဝါရီ ၄ ရက် ဒီနေ့အထိ အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသတ်ခံရသူ ကိုးဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-01-04
ရွှေဖီမြေသတင်းဌာနက အမျိုးသမီးသတင်းထောက် လွေးအမ်ဖောင် အပါဝင် အကျဉ်းသား (၁၀၁) ဦးဟာ ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်ကနေ ဇန်နဝါရီလ ၄ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
2023-01-04
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ်လေးဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်မနေ့က ဒဂုံမြို့နယ် ကလေးသူငယ်တရားရုံးက လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့ ထောင်သုံးနှစ်စီ ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2023-01-04
မန္တလေးတိုင်း၊ ရမည်းသင်းထောင်နဲ့ ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်ကနေ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၁ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-01-04
ဇန်နဝါရီလ ၄ ရက် ဒီနေ့ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။
2023-01-04
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇန်နဝါရီလ ၄ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ်နဲ့ အရာရှိနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောပါတယ်။
2023-01-04
မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဦးအာစာရကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃ ရက် မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2023-01-03
ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဖမ်းဆီးခံထားရသူတချို့ကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာနဲ့ လွှတ်ပေးဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပါတယ်။
2023-01-03
KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံတဲ့အတွက် ဘယ်သူမဆို စစ်ကောင်စီနဲ့ ပူးပေါင်းပါဝင်ပတ်သက်မှု မပြုဖို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
2023-01-03
စွပ်စွဲခံရတဲ့သူမှာ ပြန်လည်ခုခံပိုင်ခွင့်ရသင့်ပြီး တရားခွင်တွေဟာလည်း အများပြည်သူထင်သာမြင်သာရှိတဲ့ တရားခွင်မျိုး ဖြစ်ရမယ်လို့ဆိုပါတယ်။
2023-01-03
အဲဒီထဲမှာ စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
2023-01-03
ယနေ့လက်ရှိအချိန်မှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို မြန်မာစစ်ကောင်စီက ပိတ်ဆို့ဟန့်တားထားကြောင်း အမေရိကန်နိုင်ငံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-01-03
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ခုနစ်ဦး အခုရက်ပိုင်းအတွင်း ပြန်လွတ်လာတယ်လို့ အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။