သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-28
မြန်မာနိုင်ငံမှာ နေထိုင်သွားလာနေကြတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ဒေသတွေကို မသွားကြဖို့ ထိုင်းအစိုးရက သတိပေးထားပါတယ်။
2023-11-28
မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းသုံးဖွဲ့ တိုက်ပွဲ ဆက်ပြင်းထန်နေပြီး လေကြောင်း၊ လက်နက်ကြီးနဲ့ လက်နက်ငယ်ကြောင့် ကလေးသုံးဦး အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-11-27
လက်ရှိစစ်ကောင်စီလက်အောက်မှာရှိနေတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်အားလုံး အချိန်မနှောင်းခင်လက်နက်ချကြဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့ ခြောက်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ မနေ့က ကြေညာချက်တစ်စောင် စုပေါင်းထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2023-11-27
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတစ်ခုကို နိုဝင်ဘာ ၂၇ ရက်နေ့ မနေ့မနက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး သိမ်းပိုက်လိုက်တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
2023-11-27
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကို တောင်ကိုရီးယား နိုင်ငံသားတွေ ခရီးမသွားကြဖို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။
2023-11-27
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေထဲက ကျားဖျန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား အယောက် ၉၀ နီးပါးအပါအဝင် စုစုပေါင်းအယောက် ၁၂၀ ကို ဖမ်းမိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။
2023-11-27
ဆောမြို့နယ် ပန်းဆန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ဆရာတော်တစ်ပါးနဲ့ ဒေသခံ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-11-27
ဒေသခံငါးရာကျော်ဟာ တောတောင်တွေထဲ ဖြစ်သလိုနေကြရပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သီပေါကိုရောက်လာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
2023-11-27
ပုလဲမြို့နယ် ကန့်ဒေါင့်ရွာမှာရှိတဲ့ ရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်ကစလို့ PDF ပူးပေါင်းအဖွဲ့တွေ ဝင်တိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ တစ်သောင်းခွဲကျော် ထွက်ပြေးနေရပါတယ်။
2023-11-27
ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်းမှာ ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ဦးအထိရှိပါတယ်။
2023-11-27
ဖလမ်းမြို့နယ် စီဇာမွာလ်ရွာက နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၁၀၆) နှစ် အရွယ် ဒေါ်ရမ်းထလွန် သေဆုံးပြီး ဒေါ်ရမ်းထလွန်ရဲ့ သမီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-27
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့က (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-27
မြန်မာ ပီတန်းလက်ရွေးစင် မခင်ချယ်ရီသက်ဟာ အမျိုးသမီးနဲ့ အငယ်တန်း ပီတန်းကမ္ဘာ့ချန်ပီယံဆုပြိုင်ပွဲ ၂၀၂၃ ရဲ့ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ရွှေတံဆိပ်ဆု ရခဲ့ပါတယ်။
2023-11-26
မနှစ်ကတော့ မြန်မာနိုင်ငံဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံနည်းတူ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အလွန်နိမ့်ကျတဲ့ စာရင်းမှာ ပါရှိပါတယ်။
2023-11-26
NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ လျှပ်စစ်မီးမပေးနိုင်တာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။