သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-05
ကလေးမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၁၅၀ ခန့် ဝမ်းပျက်ဝမ်းလျှောနဲ့ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ People's Healthcare Network (Kalay) အဖွဲ့ တာဝန်ခံ ဒေါက်တာ ဂျိုးဆက်က RFA ကို ပြောပါတယ်။
2024-08-05
ကျောက်မဲမြို့နယ်ထဲက စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းနဲ့ ပတ္တမြားစေတီ အနီးတစ်၀ိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ခုနစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
2024-08-04
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ရွာအနီးမှာ AA ရဲ့ တပ်သားနှစ်ဦးကို CNA က ဖမ်းဆီးထားကြောင်း CNA ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ဩဂုတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။
2024-08-04
စဥ့်ကူးမြို့နယ်က ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာလို့ MDY-PDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2024-08-04
လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ဝမ်းသာဂုဏ်ယူကြောင်း KNU၊ KNPP နဲ့ CNF တို့က ပူးတွဲထုတ်ပြန်ပါတယ်။
2024-08-04
ဆောမြို့နယ် အနိမ့်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-08-04
တနင်္သာရီမြို့နယ်က ရေကြီးရေလျှံမှုတွေအတွင်း ရေနစ်သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2024-08-04
ရေဘေးကြုံနေရတဲ့ လယ်သစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် လယ်သစ်ရွာအပါအဝင် အနီးအနားရွာတွေက လူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2024-08-04
စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို မူလစစ်ဘက်တာဝန်တွေ ပြန်ပေးလိုက်ပြီး ဒုတိယရဲချုပ်ဖြစ်တဲ့ ရဲဗိုလ်ချုပ် ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
2024-08-04
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နမ်ပွေရွာအနီးမှာ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံဘက်ပို့မဲ့ ဒေသခံတွေရဲ့ စက်သုံးဆီ ပေပါ ၄၇ လုံးကို နမ်ပွေလူငယ်အဖွဲ့က သယ်ယူခွင့်မပေးဘဲ သိမ်းဆည်းခဲ့ပါတယ်။
2024-08-03
ကိုးကန့်တပ်မတော် (MNDAA) က လားရှိုးအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ တအာင်းလူမျိုး ၁၁၈ ဦးကို လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်လိုက်ပါတယ်။
2024-08-03
စစ်ကောင်စီက ဆေးရုံတွေနဲ့ အရပ်သားနေအိမ်တွေကို လေကြောင်းက တိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကြောင့် ရှစ်ဦး သေဆုံးခဲ့တဲ့အပေါ် NUG ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။
2024-08-03
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ၅၀ ခန့်သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
2024-08-03
ဇူလိုင်လအတွင်း တိုက်ပွဲတွေမှာ စခန်းလေးခုနဲ့ ဂိတ်တစ်ခုကို သိမ်းယူဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ငါးဆယ်ကျော် သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်လိုက်ပါတယ်။
2024-08-03
တာဝန်ကနေ ယာယီရပ်ဆိုင်းခံထားရတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။